Pages

Pages - Menu

Monday, September 17, 2012

ပြည်တွင်း ရွှေဈေး ပထမဆုံးအကြိမ် ၈သိန်းကျော် အထိ မြင့် တက်

ရန်ကုန်၊ စက် တင် ဘာ ၁၇

မြန်မာနိုင်ငံရှိ ပြည်တွင်း ရွှေဈေးကွက် မှာ ပထမဦးဆုံး အကြိမ် အဖြစ် အခေါက်ရွှေ တစ်ကျပ်သားလျှင် ရှစ်သိန်းခြောက်ထောင်ကျပ်အထိမြင့်တက်လာကြောင်းသန်လျှင်မြို့နေ ရွှေပန်းထိမ် လုပ်ငန်းကို ၁၈နှစ်ကြာ လုပ်ကိုင်နေသူ ဒေါ် ခင်လေးရီက စက်တင်ဘာ ၁၇ ရက် နေ့တွင် ပြောကြားသည်။“ ရွှေဈေးကတော့ ဒီထက်တက် ဖို့ပဲ ရှိတော့တယ်” ဟု ၄င်းက ဆက်လက် ပြောကြား သည်။


လတ်တလော မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော ရွှေများသည် မည်သည့် နေရာမှ ဝင်၍ မည်သည့်နေ
ရာသို့ ထွက်ကြောင်း မေးမြန်းရာတွင် ပြန်လည်ဖြေဆိုရန် ဆန္ဒမရှိပါကြောင်း ရန်ကုန်မြို့ ရွှေပန်းထိမ်လုပ်ငန်း
တစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။


ယမန်နေ့အထိ ရွှေဈေး နှုန်း မှာ ကျပ် ခုနှစ်သိန်း ရှစ်သောင်းအထိ မြင့်တက်ပြီး ယနေ့ ဈေးနှုန်းမှာ ရှစ်သိန်း
 ခြောက်ထောင်ကျပ် အထိ မြင့်တက် လာ ရာ လေးရက် အတွင်း တစ်သောင်းလေးထောင်ကျပ် ဖြစ် လာ
ကြောင်း ရွှေလုပ် ငန်းရှင် များ ထံမှ သိ ရသည်။


ကမ္ဘာ့ရွှေဈေး မှာလည်း အမေရိကန် ဗဟိုဘဏ် မှ အမေရိကန် ပြည်ထောင်စု အတွင်း အလုပ်လက်မဲ့နှုန်း
များ များပြားသည်ဟူသော ကြေညာချက် ထုတ်ပြန်ပြီးနောက် စက်တင်ဘာလ ၁၂ရက်နေ့မှ စ၍ တစ်အောင်
စလျှင် ဒေါ်လာ ၁၇၀၀ ကျော် မှ ၁၈၀၀ ကျော်သို့မြင့် တက်လာသည် ။
 
 
The voice Weekly

No comments:

Post a Comment