2012-09-23
ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမိုက
ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမိုက
ရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာဆရာ
ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။“ကိုယ်ရင်ဆိုင်ဖြေရှင်းရမယ့်ပြဿနာတစ်ရပ်ကို ကြုံလာတိုင်းမှာကိုယ်လုပ်နိုင်မယ့်ကိစ္စကိုတစ်ထစ်ချင်း၊တစ်
ဆင့်ချင်း ကိုင်တွယ်ပါ။ ပထမဆုံး
ငါဘာလုပ်ရမလဲ ဆိုတာကို တစ်ဆင့်စီ စဉ်းစားပါ။ ဒီိနောက်မှာ ဒါလုပ်မယ်။
တတိယအဆင့်အဖြစ် ဒါလုပ်မယ် ဆိုတာမျိုးပေါ့။အဲသလိုလုပ်သွားတဲ့အခါမှာစိတ်လည်း တည်တည်ငြိမ်ငြိမ်
ရှိပြီး အများကြီး လွယ်ကူသွားပါတယ်။ ကျွန်မဘဝမှာ
ပြဿနာတွေကို ဒီနည်းနဲ့ပဲ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်"
နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့အချိန်တွေမှာဘယ်လိုနေခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ ပြောရာမှာတော့
နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့အချိန်တွေမှာဘယ်လိုနေခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ ပြောရာမှာတော့
“ကျွန်မတရားထိုင်တယ်။ ကျွန်မစာဖတ်တယ်။ ရေဒီယို
နားထောင်တယ်။ကာယလေ့ကျင့်ခန်းလုပ်တယ်၊ကျွန်
မဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံး
နိုင်ငံရေး အကျဉ်းသားလို့ ထင်ပါတယ်" လို့ ဟာသနှောပြီး ပြောသွားပါ
တယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို ကူညီချင်တယ်ဆိုရင် ဘယ်လိုအခြေအနေ
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို ကူညီချင်တယ်ဆိုရင် ဘယ်လိုအခြေအနေ
လဲဆိုတာ သိရှိနိုင်အောင်
ကိုယ်တိုင်လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံက လူငယ်တွေ၊ ကျောင်းသားတွေ
နဲ့
တွေ့ဆုံဆွေးနွေးပါ။ ဒါမှသာ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို သိရှိမှာပါလို့လည်း
ဒေါ်အောင်ဆန်းစုကြည်
က ပြောကြားသွားပါတယ်။
RFA (Burmese)
No comments:
Post a Comment