ရခိုင်ပြည်နယ်ရသေ့တောင်မြို့တွင်ကျင်းပပြုလုပ်မည့်လူထုအစည်းအဝေးပွဲအား
အစိုးရမှကန့်သတ်မှုရှိပေ
ရခိုင်လူထုအစည်းအဝေးပွဲအားအမျိုးသားရေးအမြင်ဖြင့်ပြုလုပ်သည်ဖြစ်ရာကန့်သတ်မှုများ ရှိနေသော်လည်း ကျင်းပ သွားမည်ဖြစ်ကြောင်းကို
ရခိုင်လူထုအစည်းအဝေးပွဲ ကျင်းပရေးကော်တီ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ
ဦးကိုကိုမောင်က ပြောသည်။
"ကျနော်တိုလူထုစည်းဝေးပွဲကိုပြုလုပ်ရတာဟာအမျိုးသားရေးအမြင်နှင့်ပြုလုပ်ကြတာဖြစ်တယ်အစိုးကကန့်
သတ်မှုဘယ်လိုပုံစံမျိုးပေးပေး၊အစည်းအဝေးကိုတော့ဖြစ်မြောက်အောင်လုပ်မယ်၊အစည်းအဝေးကို၂၅၊ ၂၆
နှစ်ရက်သတ်မှတ်ထားရင်လည်းရက်မလောက်ဘူးဆိုရင်၂၇ရက်နေ့အထိဆက်လုပ်သွားမယ်။ လူထုစည်း
ဝေးကျင်းပပွဲကိုဘယ်အာဏာပိုင်တွေပဲဟန့်ဟန့်အသက်ပေးပြီးတော့ကျင်းပသွားမယ်။"ဟု ဦးကိုကိုမောင်က
ပြောသည်။
ရခိုင်လူထု အစည်းအဝေးပြုလုပ်ရန်အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇)
မြို့နယ်အပါအ၀င်၊ ပလက်ဝနှင့် ရခိုင်တိုင်းရင်းသားများနေထိုင်ရာ
ဒေသအသီသီသို့ ဖိတ်ကြားထားကြောင်း သိရသည်။
"ဖိတ်ကြားထားတာက လူ (၂၀၀၀)နီးပါးခန့်ရှိတယ်။ တောင်ကုတ်၊ သံတွဲက
လူတွေ မနက်ဖြန်ဆိုရင် စရောက်တော့မယ်။ တစ်ချို့ ဒေသကလူတွေက အစည်းအဝေးကို
အစိုးရက ဟန်တားမှုရှိနေတယ်ဆိုတဲ့ သတင်းကိုသိသွားပြီး မတက်ရောက်မှာကို
စိုးရိမ်တယ်။ တရားဝင်ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ
ပွဲဖြစ်မြောက်အောင်ပြုလုပ်သွားမယ်။ပရိသတ်တွေကိုလည်းဇွဲလုံးဝမလျှော့ဘဲ
လာကြပါလို့ ပြောချင်ပါတယ်။ " ဟု သူကဆက်ပြောသည်။
ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီကအစည်းအဝေးအားစက်တင်ဘာလ ၂၅၊
၂၆ ရက်တွင် တက်ရောက်မည့်လူအင်အား(၆၃၀)ဦးနှင့်ဟောပြောမည့်သူ(၂၈)ဦးဖြင့်ခွင့်ပြုချက်ရရန် တင်ထားခဲ့ခြင်း ဖြစ်
သည်။
တစ်ရက်တည်းသာ ကျင်းပခွင့် ပြုမည်ဖြစ်ပြီး လူအင်းအား (၂၀၀)နှင့်
ဟောပြောမည့်သူ (၁၀)ဦးနှင့် နံနက် (၈)နာရီမှ နေ့ လည် (၁)နာရီထိ နေ့တစ်ဝက်သာ
ခွင့်ပြုမည်ဖြစ်ကြောင်းကို စက်တင်ဘာ (၂၀) ရက်နေ့က
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ပွဲကျင်းပရေးကော်မတီအား
ခေါ်ယူက ပြောခဲ့ခြင်းဖြစ်သည်။
ရခိုင်ဒေသလူထုအစည်းအဝေး ကျင်းပရေးကော်မတီသည် ယနေ့  နံနက် (၈)နာရီတွင်
ရခိုင်ဒေသလူထု အစည်းအဝေး ကျင်းပနိုင်ရေး ပိုစတာဗီနိုင်းဆိုင်းဘုတ်အား
စိုက်ထူမည်ဖြစ်သော်လည်း ကော်မတီမှ တာဝန်ရှိသူများမြို့နယ်အာဏာပိုင်များနှင့်တွေ့ဆုံနေချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့်
စောင့်ဆိုင်းနေခဲ့ရပြီး နံနက် (၁၁) နာရီအချိန်တွင် အဆိုပါဆိုင်းဘုတ်အား
စိုက်ထူခဲ့ရခြင်းဖြစ်သည်။
ဆိုင်းဘုတ်စိုက်ထူရာတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၅) ရက်မှ (၂၆)နေ့ထိ
ဖေါ်ပြထားသော်လည်း ခွင့်ပြုချက်ကတစ်ရက်သာရရှိသောကြောင့်(၂၅)ရက်နေ့မှနေရာကိုစတေကာနှင့် ပယ်ဖျက်ထားရခြင်းဖြစ်
သည်။
ယခင်က အဆိုပါ ရခိုင်ဒေသလူထုအစည်းအဝေးပြုလုပ်ရန် မြို့နယ်အာဏာပိုင်များက
ခွင့်ပြုချက်မလိုဘဲ ကျင်းပနိုင်ကြောင်း၊(၁၁-၉-၂၀၁၂)နေ့ကခွင့်ပြုစာတင်ခဲ့သော်လည်း တင်စရာမလိုကြောင်းပြောဆိုခဲ့ရာ
နောက်ပိုင်းအာဏာပိုင်များကခွင့်ပြုချက်ရယူရန်တင်ရမည်ဖြစ်ကြောင်း(၁၇-၉-၂၀၁၂)နေ့က အကြောင်းပြန်
ခဲ့ခြင်းဖြစ်သည်။
ဤကဲ့သိုကျင်းပနိုင်ရန်အတွက်ရခိုင်ဒေသလူထုအစည်းအဝေးကျင်းပရေးကော်မတီသည် လာရောက်ဟော
ပြောမည့်သူများကိုလည်း
ဖိတ်ကြားထားးပြီးဖြစ်သည့်အပြင် အခြားငွေကုန်ကျမည့် ကဏ္ဍများအတွက်လည်း
အားလုံးပြင်ဆင်ထားပြီးဖြစ်သည်။
အာရကန်တိုင်း
No comments:
Post a Comment