Pages

Pages - Menu

Monday, September 10, 2012

စက်ရုပ်နေရာကိုအစားထိုးမယ့် ပိုးဟပ်ကွန်မန်ဒိုတပ်ဖွဲ့


စက်ရုပ်နေရာမှာ အစားထိုးတော့မယ့် ပိုးဟပ်တွေကို အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်က တက္ကသိုလ်တစ်ခုမှာ ဖန်တီး အောင်မြင်ခဲ့ပါတယ်။ဒါကို နိုင်ငံတကာက ပိုးဟပ်ဂျိမ်းဆဘွန်းလို့ဆိုပါတယ်။
ပိုးဟပ်ရဲ့ ဦးမင်နဲ့ ဝမ်းဗိုက်က Sensor ကို မိုက်ခရိုက်ကွန်ထရိုလာနဲ့ ချိတ်ဆက်ပြီး လိုသလို ထိန်းချုပ်ခိုင်းစေ
မယ့် နည်းပညာ သစ် ဖြစ်ပါတယ်။
ကျောပေါ်မှာ Chip ပြားတင်တာတောင် ၀.၇ ဂရမ်သာ လေးမှာ ဖြစ်ပြီး ပိုးဟပ်အတွက် အပန်းကြီးမှာမ
ဟုတ်ပါဘူး။ပြီးတော့ ကွန်ထရိုးနဲ့လိုသလို ထိန်းချုပ်ပြီး ခိုင်း စေလို့ ရပါတယ်။ ကင်မရာပါ တပ်ဆင်ပေးထား
ပါတယ်။

အသုံးပြုမယ့် နေရာကတော့ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျတဲ့ မိုင်းတွင်း၊ အိမ်ရာ အဆောက်အအုံ

များထဲမှာ ကယ်ဆယ်ရေး တပ်သား အနေနဲ့ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။ အသက်ရှင်ကျန်ရှိနေ
သေးတဲ့ လူတွေကို ရှာဖွေထောက်လှမ်း သတင်းပို့ပေးမှာပါ။

ဒီအတွက် ပိုးဟပ်ရဲ့  ကိုယ်ပိုင် အသိဥာဏ်ကိုလည်း မပျောက်ပျက်သွားစေပါ ဘူး။ ဥပမာ- အခြား တိုက်ခိုက်

လာတဲ့ အင်းဆက်ပိုးမွားတွေရဲ့ အန္တရာယ်ကိုလည်း သူ့သဘာဝအတိုင်း ရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်။

စက်ရုပ်ငယ်တစ်ခုတည်ဆောက်မဲ့ တန်ဖိုးနဲ့စာရင် ပိုးဟပ်မှာ Chip နဲ့ မိုက်ခရိုကွန်ထရိုလာ တပ်ဆင်ဖို့က အဆပေါင်း ရာဂဏန်းမက သက်သာပါတယ်။ ဒါကြောင့် အမေရိကန်တို့ တကယ်ပဲ ပိုးဟပ်ကွန်မန်ဒို တပ်

ဖွဲ့ကို တည်ဆောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

လူတော်တော်များများ ပိုးဟပ်တွေ့ရင် ဖိနပ်နဲ့ တကနင်းဖို့ ကြိုးစားနေချိန်မှာ အမေရိကန်တို့ကတော့ ပိုးဟပ် တပ်ဖွဲ့ တည်ထောင်နေတယ်ဆိုတော့ US ရဲ့  Research ဟာ သတ္တဝါ၊ အင်းဆက် မပြုန်းတီးရေး စီမံကိန်း

တစ်ခုပါပဲလား လို့ နိုင်ငံတကာက မုဒိတာပွားရတော့မှာ ဖြစ်ပါတယ်။


Tech Space Journal

No comments:

Post a Comment