Pages

Pages - Menu

Tuesday, September 4, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်းတစ်သောင်းကျော်ကို အရပ်ဘက်ဝန်ထမ်းအဖြစ်ပြောင်းလဲဖွယ်ရှိနေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ တာဝန်ထမ်းဆောင်နေ သည့် နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်သည် အရပ်ဘက်ဆိုင်ရာ ၀န်ထမ်းများအဖြစ် ပြောင်းလဲသွားဖွယ် ရှိကြောင်း အဆိုပါလုပ်ငန်းဌာနမှ အကြီးအကဲတစ်ဦးကဆိုသည်။ ““ဘာမှန်းမသိသေးဘူး။ ငါတို့ က ပင်စင်ဖြစ်မှာလား၊ အရပ်ဘက်ဝန်ထမ်းပြန်ဖြစ်မှာလားဆိုတာ တိတိကျကျမပြောသေးတော့မသိသေးဘူး။ ဆက်သွယ်ရေး လုပ်ငန်းဆိုတာ ကတော့မရှိတော့ဘဲဆက်သွယ်ရေး ကော်ပိုရေးရှင်းဆိုပြီးဖြစ်သွားမှာပဲ။ ဆက်သွယ်ရေး လုပ်ငန်းမှာဆိုရင် တိုင်းနဲ့ပြည်နယ်အဆင့်ထိ ၀န်ထမ်း ၁၄၀၀၀ ၀န်းကျင်လောက်ထိရှိတယ်””ဟုအထက်ပါ အကြီးအကဲကပြောသည်။
ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ ယခုလအတွင်း ထုတ်ပြန်ကြေညာလိုက်သည့် ပြုပြင်ပြောင်းလဲခြင်းအစီအစဉ်အရ ၀န်ကြီးဌာနလက်အောက်၌ ဖွဲ့စည်းထားရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော် ပို ရေးရှင်းအဖြစ် သို့ ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်စေမည်ဖြစ်သည်။ 
အဆိုပါကော်ပိုရေးရှင်းနှင့် ပတ်သက်၍ ပြောင်း လဲဖွဲ့စည်းသွားမည့်အချိန်ကို ၀န်ကြီးဌာနအနေဖြင့် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသော်လည်း ဆက်သွယ်ရေးကော် ပိုရေးရှင်းအနေဖြင့် Myanmar Telecom ကုမ္ပဏီကို ထူထောင်၍ အခြားသောကုမ္ပဏီ ၃ ခုနှင့် Telecom ၀န်ဆောင်မှုများကို ယှဉ်ပြိုင်ဆောင်ရွက်ရမည်ဟုဆိုသည်။ 
အစိုးရ၀န်ကြီးဌာနများ အနက် ပြုပြင်ပြောင်းလဲခြင်းအစီအစဉ်ကို ပထမဦးဆုံးရေးဆွဲခဲ့သည်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေး နန်းဝန်ကြီးဌာနဖြစ်သည်ဟု ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိကပြောသည်။

No comments:

Post a Comment