လက်ပန်းတောင်းတောင် ကြေးနီ
စီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေအ
ကြောင်း စီမံကိန်း အနီးအနား တစ်ဝိုက်က ကျေးရွာတွေ သိရှိ နားလည်လာအောင် ရန်ကုန်ပြည်သူ့ အကျိုး
ဆောင် ကွန်ယက်က မနေ့က လှည့်လည် ဟောပြောခဲ့တယ်လို့ သိရပါတယ်။
ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းယူခံခဲ့ရတဲ့ကျေးရွာ (၂၆) ရွာအပြင် တခြားရွာတွေစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အနေနဲ့လည်း စီမံကိန်းရဲ့ ဘေးထွက် ဆိုးကျိုးတွေကို သိရှိလာပြီး ဒေသခံအချင်းချင်း
ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင် ပူးပေါင်း ထိန်းသိမ်းမှုဆိုင်ရာ သိကောင်းစရာ
တွေကို သွားရောက် ဟောပြောခဲ့ကြတာ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် အဖွဲ့ဝင်တစ်
ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့တော့ ရွာစဉ်တော့ ကျွန်တော်လှည့်လည်ပြီးတော့ စည်းရုံးဟောပြောတယ်။ ၂၆ ရွာအပြင်ကို ဒီပြင့်စိတ်

ဝင်စားတဲ့ ရွာတွေကိုပါ စည်းရုံးဟောပြောပေးတယ်။ ဒါ
တောင် ၃၃ လုံးဆိုတော့ အဲဒီရွာတွေပါ ပါလာနိုင်ခြေ
ရှိတဲ့ ရွာတွေကို
လိုက်ပြီးပြောပေးတယ်။ ရွာတွေဖျက်သိမ်းရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မယ်။
ဆိုတဲ့ ပညာ
ပေးတွေပေါ့နော်။ အားလုံး တရပ်လုံး ပါဝင်လာနိုင်အောင်လည်း
လှုပ်ရှားမှုတွေကို ပြောပြတယ်။ စည်းရုံး
တယ်"
အခုဆိုရင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးမှာ မုံရွာမြို့ခံ လူထုတွေလည်း ပါဝင်လာ

တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ ညနေကတော့ စီမံကိန်း ဆက်လုပ်ရင် မကြာခင် ပျောက်ကွယ် သွားတော့မှာဖြစ်တဲ့ လက်ပန်းတောင်းတောင်နဲ့ တခြားတောင်တွေကို ချင်းတွင်းမြစ်ကမ်းဘေးကနေ လှမ်းမျှော်ကြည့်ရှုကြတဲ့ လှုပ်ရှားမှု တရပ် မုံရွာမြို့ခံလူထုက ဦးဆောင် ကျင်းပခဲ့ကြပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

RFA (Burmese)
No comments:
Post a Comment