Pages

Pages - Menu

Thursday, September 27, 2012

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာတဲ့ ထိုင်း နှစ်ဦးအား ထောင်ဒဏ် နှစ်ရှည်များ ချမှတ်လိုက်

မန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်မှု၊မူးယစ်ဆေးဝါးမှု၊သစ်တောကျူးကျော်မှုနှင့်လက်နက်ကိုင်ဆောင်
မှုတို့ဖြင့် ဇူလိုင်လအတွင်းက ဖမ်းဆီးထားခဲ့သော ထိုင်းနိုင်ငံသာ နှစ်ဦးကို ကော့သောင်းခရိုင်တရားရုံးမှအင်္ဂါ
နေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။
ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား ၉၂ ဦးအနက် ၈၃ ဦးကို စက်တင်ဘာလ၁၇ ရက်နေ့ကသမ္မတ၏လွတ်ငြိမ်း
ချမ်းသာခွင့်အမိန့်ဖြင့်လွှတ်ပေးလိုက်ပြီ၍ကျန်ကိုးဦးအနက် နှစ်ဦးကို စီရင်ချက် ချမှတ်လိုက်ခြင်းဖြစ် ကြောင်း
 ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။

မူးယစ်ဆေးဝါး ပိုင်ဆိုင်မှုဖြင့် Kalaya Thavor ကို ထောင်ဒဏ် ၁၅ နှစ်နှင့် Thanom Chansamut ကို ထောင်ဒဏ် ၁၈ နှစ်နှင့် ၆ လ ထပ်မံ ချမှတ်လိုက်ခြင်း ဖြစ်သည်။

Kalaya အား တရားမဝင် နိုင်ငံဖြတ်ကျော်မှုနှင့်သတောကျူးကျော်မှုတို့ဖြင့်ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ပြီး ဖြစ်
သည်။ Thanom  မှာလည်း တရားမဝင် နိုင်ငံဖြတ်ကျော်မှု၊ သတောကျူးကျော်မှုနှင့် လက်နက်ကိုင်ဆောင်မှု
တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီးသား ဖြစ်သည်။ ၎င်းတို့ နှစ်ဦးမှာ ထိုပြစ်ဒဏ်များကို တပေါင်း
တည်း ကျခံရမည် ဖြစ်သည်။

၎င်းတို့ နှစ်ဦးအား သက်ညှာခွင့်ရရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြိုးပမ်းသွားမည်ဟုလည်း ဆို
သည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင်တရားမဝင် နိုင်ငံကျူးကျော်ဝင်ရောက် နေထိုင်ကာ ရာဘာနှင့်
ဆေးခြောက်စိုက်ခင်း စိုက်ပျိုး လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးကိုဇူလိုင်လ၄ ရက်နေ့နှင့် ၅ ရက်နေ့
များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို ခရိုင် တရားရုံးက တရားမဝင် နိုင်ငံ ခိုးဝင်မှု၊ သစ်တောမှုတို့ဖြင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်
ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

ထိုအထဲမှ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုဖြင့်စွပ်စွဲခံထားရသည့်ကိုးဦးအနက်လက်နက်မှုဖြင့် ရှစ်ဦးကို အလုပ်
ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသည်။


နယူးဒေလီ (မဇ္ဈိမ)

No comments:

Post a Comment