Pages

Pages - Menu

Monday, September 17, 2012

ကေအိုင်အိုအေ တပ်ဖွဲ့ဝင်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဦးဘရန်ရှောင်အမှု စစ်ဘက်က စစ်ဆေး

ကအိုင်အိုအေ တပ်ဖွဲ့ဝင်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဦးဘရန်ရှောင် အမှုနဲ့ ပတ်သက်လို့ ဒုက္ခသည်စခန်းက လူတွေ ကို မြောက်ပိုင်းတိုင်း စစ်ဌာနရှိ စစ်ဥပဒေချုပ်ကနေ ခေါ်ယူစစ်ဆေးနေပါတယ်။
စစ်ဆေးခံရတဲ့ အထဲမှာ ဘာသာရေးဆရာ တစ်ယောက်လည်း ပါတယ်လို့ သိရပါတယ်။

မြစ်ကြီးနားဂျမိုင်ကောင် နှစ်ခြင်းခရစ်ယာန်ကျောင်းရှိဒုက္ခသည်စခန်းက ဦးဘရန်ရှောင်ဟာ ကေအိုင်အို တပ်
ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ အမှုနဲ့ပတ်သက်လို့ အရင်က ရဲနဲ့ တရားရေးဌာနကပဲ ခေါ်ယူစစ်ဆေးခဲ့ပေမဲ့ အခုအခါ စစ်တပ် ဥပဒေရေးရာ ဌာနကနေ ခေါ်ယူစစ်ဆေးနေပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်ကနေ စတင်စစ်ဆေးနေပြီး ခရစ်ယာန် ဘာသာရေး ဆရာတစ်ယောက် အပါအ၀င် ဒုက္ခသည်စခန်းအတွင်းကလူငါးယောက်ကိုစစ်ဆေးနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင် ခေါ်ယူအမေး
ခံရတဲ့ ခရစ်ယာန်ဘာသာရေးဆရာ တစ်ယောက် ပြောပြတာကတော့-

"လွန်ခဲ့တဲ့ အင်္ဂါနေ့ကနေ စစ်ဆေးတာပါ။ ကျနော့ကိစ္စနဲ့ ပတ်သက်ပြီးမှ မေးတာပါ။ ခေါ်မေးတယ်ဆိုတာလဲ ကျနော့်ကိုပါ။ ညတိုင်းကိုပေါ့ မြောက်ပိုင်းတိုင်းကပါ စစ်ဆေးထားတဲ့စာနဲ့ ရေးတာကို ပြန်ဖတ်တာ။ သူတို့ ရီ
ကော်ဒင် လုပ်တာပေါ့။ စစ်ဆေးတာတော့ တိုင်းထဲမှာ မဟုတ်ပါဘူး။ ပြည်နယ် အရံရဲတပ်ဖွဲ့ထဲမှာပါ။ ၇ နာရီ
ခွဲကနေ ၈ နာရီ ခွဲလောက်ပါ။ ကျနော်တို့ဘက်က ငါးယောက်ပါ။ ဒါပေမဲ့ သက်ဆိုင်ရာ အားလုံးမေးမြန်းတာပါ
။ဖမ်းဆီးတဲ့လူအားလုံးပေါ့။ ဒုရဲအုပ် ကျော်မျိုးနိုင်တို့ အားလုံးကိုလဲ မေးမြန်းတာရှိပါတယ်။"

ဒုက္ခသည်စခန်းက ဘာသာရေးဆရာတစ်ယောက်အပြင် ဦးဘရန်ရှောင် အမျိုးသမီး၊ သူ့ရဲ့အခန်းဖေါ် ဦးမာ
ယော်၊ အောင်မြေသစ်ရပ်ကွက်က တစ်ယောက် စတဲ့သူတွေကို မပခ စစ်ဥပဒေချုပ်ကနေ ပထမဆုံးစစ်ဆေး
မေးမြန်းတာဖြစ်ပါတယ်။ ဦးဘရန်ရှောင်ဟာ ကေအိုင်အေ တပ်ဖွဲ့ဝင် ဟုတ်မဟုတ် ဆိုတဲ့မေးမြန်းချက်ကို ဘာသာရေးဆရာ ပြန်လည်ဖြေကြားခဲ့တာကတော့ -

" ကေအိုင်အေ တပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခြင်း ရှိမရှိမေးပါတယ်။ တိတိကျကျ သိသလားပေါ့နော်။ ဒါ
ပေမဲ့ ကျနော့ဘက်က ကျနော်ကင့်မ်ထဲမှာ သူ့ကို စတင်တွေ့ရှိကတည်းက ခုအချိန်အထိ သူ့ရဲ့စိတ်ဓါတ်တွေ သူ့ရဲံ လုပ်ရပ်တွေ နေထိုင်ပုံတွေအားလုံးနဲ့ သူ့ရဲ့အမျိုးသမီး အစ်ကို၊ ဦးလေး လုပ်ဖေါ်ကိုင်ဖက် ရွှေတူးတဲ့အဖွဲ့
တွေ၊ သူ့ရဲ့အင်ပွန်ရွာက ဘာသာရေးဆရာတွေရဲ့ခိုင်လုံတဲ့ ထွက်ဆိုချက်အရ သူဟာ ကေအိုင်အေ တပ်ဖွဲ့ထဲ
မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးခြင်း မရှိကြောင်း ကျနော်က အဲဒါထွက်ဆိုခဲ့တာပါ။"

ဦးဘရန်ရှောင် အမှုနဲ့ပတ်သက်လို့ သူပြန်လွတ် မလွတ်ဆိုတာ အသေအချာ ပြောလို့မရသေးကြောင်း၊ ဒါပေ
မဲ့ အခုတခါ စစ်ဥပဒေချုပ်ကနေ သက်ဆိုင်သူ အားလုံးကို ခေါ်ယူစစ်ဆေးမေးမြန်းနေတာကြောင့် အမှုကို အ
မှန်အတိုင်း ဆုံးဖြတ်မယ်လို့ မျှော်လင့်နေတဲ့အကြောင်း သူကပြောပါတယ်။

ဦးဘရန်ဆိုင်းကို မြစ်ကြီးနားစစ်ဘက်ရေးရာ လုံခြုံရေးဌာန ကနေ ကေအိုင်အို တပ်ဖွဲ့ဝင်အဖြစ် စွတ်စွဲပြီး ဖမ်း
ဆီးထားတာ ဒီနေ့ဆိုရင်၃လပြည့်ပြီလို့ သိရပါတယ်။ သူလွတ်မြောက်ရေးအတွက် လွန်ခဲ့တဲ့လက မြစ်ကြီးနား
မြို့ပေါ်မှာ ဆန္ဒပြမှုတွေလဲ ဖြစ်ပေါ်ခဲ့ပါတယ်။
 
 
RFA (Burmese)

No comments:

Post a Comment