Pages

Pages - Menu

Wednesday, September 12, 2012

ဝါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့မှ သခင်ချန်ထွန်းရဲ့ ၉၁နှစ်ပြည့်တဲ့မွေးနေ့ ရန်ကုန်မြို့တွင်ကျင်းပ

Photo: ၀ါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့မှ သခင်ချန်ထွန်းရဲ့ ၉၁နှစ်ပြည့်တဲ့မွေးနေ့ကို ရန်ကုန်မြို့ ကျောက်ကုန်းမှာရှိတဲ့ မိုးကောင်းဘုရားလမ်း မဟာဗောဓိ ရိပ်သာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ 

ဒီမွေးနေ့ပွဲကို NLD ပါတီက နာယက ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အခြား
ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီမှ ပုဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား
အဖွဲ့က ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ စမ်းချောင်းကိုကိုကြီးအပါအ၀င် ဧည့်သည် ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ 

သခင်ချန်ထွန်းဟာ ၁၃၀၀ပြည့်အရေးတော်ပုံမှာ မန္တလေး ကျောင်းသား
သမဂ္ဂရဲ့ အတွင်းရေးမှူးအဖြစ်နဲ့ ပါဝင်ခဲ့ပြီး နိုင်ငံရေးမှာ စတင်ဝင်ရောက်ခဲ့
သူဖြစ်ပါတယ်။ 

ဂျပန်ခေတ် မြေအောက် လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ၁၉၅၂မှာ ဖဆပလ အမတ်ဖြစ်လာခဲ့ပါတယ်။ ၁၉၅၈ သန့်ရှင်း-တည်မြဲ အကွဲအပြဲ၌ ဦးနုဦးဆောင်တဲ့ သန့်ရှင်းဘက်က ပါဝင်ခဲ့ပြီး ၁၉၆၉မှာ ကနေဒါနိုင်ငံ မြန်မာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ 

၁၉၇၄မှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်ခဲ့ပြီး ၁၉၈၈ စစ်အစိုးရလက်ထက်မှာ တခြား ၀ါရင့်နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လှုံ့ဆော် တိုက်တွန်းမှုတွေ
 ပြုလုပ်ခဲ့တာကြောင့် စစ်အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့မှ သခင်ချန်ထွန်းရဲ့ ၉၁နှစ်ပြည့်တဲ့မွေးနေ့ကို ရန်ကုန်မြို့  ကျောက်ကုန်း
မှာရှိတဲ့ မိုးကောင်းဘုရားလမ်း မဟာဗောဓိ ရိပ်သာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီမွေးနေ့ပွဲကို NLD ပါတီက နာယက ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အခြား ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီမှ 
ပုဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ စမ်းချောင်းကိုကိုကြီးအပါအ၀င် ဧည့်သည် ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

သခင်ချန်ထွန်းဟာ ၁၃၀၀ပြည့်အရေးတော်ပုံမှာ မန္တလေး ကျောင်းသား သမဂ္ဂရဲ့ အတွင်းရေးမှူးအဖြစ်နဲ့ 
ပါဝင်ခဲ့ပြီး နိုင်ငံရေးမှာ စတင်ဝင်ရောက်ခဲ့ သူဖြစ်ပါတယ်။

ဂျပန်ခေတ် မြေအောက် လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ၁၉၅၂မှာ ဖဆပလ အမတ်ဖြစ်လာခဲ့ပါတယ်။ ၁၉၅၈ သန့်
ရှင်း-တည်မြဲ အကွဲအပြဲ၌ ဦးနုဦးဆောင်တဲ့ သန့်ရှင်းဘက်က ပါဝင်ခဲ့ပြီး ၁၉၆၉မှာ ကနေဒါနိုင်ငံ မြန်မာ သံအ
မတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

၁၉၇၄မှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်ခဲ့ပြီး ၁၉၈၈ စစ်အစိုးရလက်ထက်မှာ တခြား ၀ါရင့်နိုင်
ငံရေးသမားတွေနဲ့ ပူးပေါင်းပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လှုံ့ဆော် တိုက်တွန်းမှုတွေ ပြု
လုပ်ခဲ့တာကြောင့် စစ်အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရပါတယ်။
 
 
RFA (Burmese)

No comments:

Post a Comment