Pages

Pages - Menu

Saturday, September 1, 2012

တောင်ပြုန်းပွဲတော် ဆိုင်ခန်းငှားခများ ငါးဆ မြှင့်တက်

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ တောင်ပြုံးမင်းနှစ်ပါး နတ်နန်းအတွင်း ရိုးရာပူဇော်ပသမှု ပြုလုပ်နေ
ကြသည့် အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ်များကို  သြဂုတ် ၂၉ ရက်၊ ၂ဝ၁၂ ခုနှစ်က တွေ့ရစဉ်။

နှစ်စဉ် ဝါခေါင်လတိုင်း အမရပူရမြို့နယ်တွင် ကျင်းပလေ့ရှိသော တောင်ပြုန်း နတ်ပွဲတော်၌ ယခုနှစ်ဈေး
ဆိုင်ခန်းများ ငှားရမ်းခမှာ ယမန်နှစ်ကထက် ငါးဆ မြင့်တက်ခဲ့သည်။


၂ဝ၁၁ ခုနှစ်က အစားအသောက်၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်း တခန်းလျှင် ပွဲ
တော် ကျင်းပသည့် သီတင်းတပတ်စာအတွက် ကျသင့်ငွေ ခြောက်သောင်းကျပ်သာ ရှိရာမှ ယခုနှစ်တွင်ကျပ်
သုံးသိန်းအထိမြင့်တက်သွားသည်။

“နှစ်တိုင်း ရောင်းနေကျဆိုတော့ မယူမဖြစ် အခန်းယူပြီး ရောင်းရတယ်။ ပွဲတော်က စည်ပေမယ့် မနှစ်က
လောက် အမြတ်မကျန်ဘူး။ ပွဲတော် စည်ကားလေလေ အခန်းငှားခတွေ တိုးယူလေလေ ဆိုတာမျိုးက မ
ကောင်းဘူး။နောက်နှစ်ကို ဒီလို မဖြစ်စေချင်ဘူး” ဆုတောင်းပြည့် ဘုရားစောင်းတန်းတွင် ကန်တော့ပွဲများ
အတွက် ငှက်ပျောသီး အုန်းသီး ရောင်းသူ မသီတာ က ဆိုသည်။


တောင်ပြုန်း ဈေးဆိုင်ခန်း လေလံရရှိထားသူ မန္တလေးဒေသခံ တဦးကမူ ယခုနှစ်တွင် ယခင်နှစ်ထက် စည်
ပင်သာယာ သို့ ပေးသွင်းရသည့် လေလံကြေးငွေမှာ ပိုမိုများပြားသည့်အတွက် ဆိုင်ခန်းခများတိုးမြှင့်ကောက်
ခံရခြင်းဖြစ်ကြောင်း မဇ္ဈိမကို ပြောပြသည်။

ယခုနှစ် ပွဲတော်သို့ သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ လာရောက်သူ ဦးရေ နှစ်သိန်း ဝန်းကျင်ရှိပြီး စက်တင်္ဘာလ ၁ ရက်နေ့အထိ တပတ်ကြာ ကျင်းပမည် ဖြစ်သည်။ ပွဲတော်တွင် ရောင်းချသည့် ဈေးကြီး ဈေး
လေးနှစ်ခုပေါင်း ဆိုင်ခန်း ၂၈၆ ခန်း ရှိကြောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက ဆိုသည်။

ရွှေဖျဉ်းကြီး-ရွှေဖျဉ်းငယ် နတ်ညီနောင်ကို အကြောင်းပြု၍ နတ်ပွဲ ကျင်းပရာ တောင်ပြုန်းရွာမှာ မန္တလေးမြို့
အနီးခြောက်မိုင်အကွာတွင် တည်ရှိပြီး လူဦးရေ လေးထောင်ကျော် မှီတင်းနေထိုင်သည့် ကျေးရွာတရွာဖြစ်
သည်။ ဒေသခံ အများစုမှာ ဆန်စပါး၊ ပဲ နှင့် နှမ်းတို့ကို စိုက်ပျိုးခြင်းဖြင့် အသက်မွေး နေထိုင်ကြသည်။


မန္တလေး (မဇ္ဈိမ) 

No comments:

Post a Comment