မြန်မာနိုင်ငံတွင်တစ်နေ့လျှင်လူဦးရေ၂၃ဦးခန့်အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရကြောင်း ကျန်းမာရေးဦးစီးဌာန၊ UNAIDS ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့
ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian
Epidemiological Model Myanmar 2010-2015 ''တွင် ဖော်ပြထားချက်များအရ
သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ
ခန့်မှန်းဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိနေပြီး ပိုးရှိသူများအနက်မှလူဦးရေတစ်သိန်းနှစ်သောင်းကျော်မှာ အေအာတီဆေးဝါး လိုအပ်နေသူများဖြစ်ကြောင်း၊
၂၀၁၂ခုနှစ်ဇွန်လအထိရရှိထားသည့်စာရင်းများအရဆေးဝါးလိုအပ်သူများအနက်လူဦးရေ ၄၄၆၆၁ဦးကိုအေ
အာတီဆေးဝါးပေးနိုင်ခဲ့ပြီးကျန်ရှစ်သောင်းကျော်မှာ
အေအာတီဆေးဝါးရရှိရန် လိုအပ်နေသူများဖြစ်ကြောင်း သိရသည်။
''လက်ရှိအေအာတီဆေးလိုအပ်နေပြီးမရသေးတဲ့သူက ၆၀ရာ
ခိုင်နှုန်းလောက်ရှိတယ်။ ဒီနှစ်ကုန်ဆိုရင်တော့ အခုရနေတဲ့လူဦးရေထက်တစ်သောင်းကျော်လောက်တိုးပြီးပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပြီး
ဆေးလိုအပ်နေတဲ့သူတွေဆေးရဖို့အတွက်ကျန်းမာရေးဝန်ကြီးဌာန၊GlobalFundနဲ့
အမေရိကန်ပြည်သူတွေက ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေပြီး ရန်ပုံငွေတွေရလာရင်
ဒီလူတွေအတွက် ဆေးတွေရလာမှာပါ
မြန်မာမှာပိုးကူးစက်ခံရနှုန်းကတစ်ရက်ကို၂၃ယောက်နှုန်းကူးစက်ခံနေရပြီးလူဦးရေ၅၀ ၀န်းကျင်လောက်
သေဆုံးနေတယ်လို့ခန့်မှန်းထားကြပါတယ်။သေဆုံးတဲ့နှုန်းကကူးစက်ခံရတဲ့နှုန်းထက် ပိုနေတာကို တွေ့ရပါ
တယ်ဟုMarieStopesInternational မြန်မာနိုင်ငံဆိုင်ရာ
ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောပြခဲ့သည်။
လက်ရှိပြင်ပဆေးခန်းများတွင်အေအာတီဆေးဝယ်သောက်နေသူဦးရေ
တစ်သောင်းနှင့်နှစ်သောင်းကြားရှိ
မည်ဟုလည်းခန့်မှန်းထားကြကြောင်းနှင့်အေအာတီဆေးအတွက်တစ်ဦးလျှင်တစ်လကုန်ကျစရိတ်မှာအနည်း
ဆုံး
ကျပ်နှစ်သောင်းကျော် သုံးသောင်းကြားရှိကြောင်း သိရသည်။
ထို့အပြင်စက်တင်ဘာလ၆ရက်နေ့ကအမေရိကန်သံအမတ်ကြီးEricGoosbyနှင့်အဖွဲ့သည် HIV နှင့်ပတ်သက်
၍တုံ့ပြန်ရေးဆိုင်ရာကိစ္စရပ်များ၊လိုအပ်ချက်များဦးစားပေးဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအားပူးပေါင်းလုပ်
ဆောင်နိုင်ရန်မြန်မာနိုင်ငံသို့လာရောက်ခဲ့ကြောင်းအမေရိကန်အခြေစိုက်ဝက်ဘ်ဆိုက်တစ်ခုတွင်ဖော်ပြထား
ချက်များအရ သိရသည်။
EricGoosbyသည်ကမ္ဘာ့အကြီးဆုံးအိတ်ခ်ျအိုင်ဗွီဆိုင်ရာရန်ပုံငွေအဖွဲ့PEPFAR အဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်
ပြီးမြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် တွေ့ဆုံ၍ မြန်မာ
နိုင်ငံ၏ HIV ဆိုင်ရာ လုပ်ငန်းများ
လုပ်ဆောင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ကျန်းမာရေးဆိုင်ရာအခြားတာဝန်ရှိသူများ
နှင့်HIVနှင့်ပတ်သက်၍လုပ်ငန်းများလုပ်ဆောင်နေသည့်လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ကြောင်းလည်း
သိရသည်။
ယင်းအဖွဲ့သည် အမေရိကန်ပြည်ထောင်စုမှ ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်ပြီး
ကမနရာအနှံ့တွင် ဖြစ်ပွားနေသော HIV/AIDSရောဂါအားတိုက်ဖျက်ရန်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ HIV/AIDS ရောဂါဝေဒနာ
ခံစားနေရသူများအားအေအာတီဆေးဝါးထောက်ပံ့မှုအများဆုံးပေးနေသည့်
အဖွဲ့အစည်းတစ်ခုလည်းဖြစ်
ကြောင်း သိရသည်။
TheVoiceWeekly
No comments:
Post a Comment