Pages

Pages - Menu

Tuesday, September 25, 2012

ကျပ်ငွေတန်ဖိုးကျဆင်း၍ မောင်တောနယ်စပ်တွင် တာကာငွေသုံးစွဲခြင်းအား တားမြစ်


မြန်မာ- ဘင်္ဂလာဒေ့ရှ် မောင်တောနယ်စပ်ဈေးကွက်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးတာကာ ငွေကြေး ဖြင့်
ဈေးရောင်းဈေးဝယ်ခြင်း များကို တင်းကျပ်စွာတားမြစ်ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာနယ်မြေဈေး
တာဝန်ခံများထံက သိရသည်။

ဥပဒေကြောင်းရ နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးကို ပြည်တွင်း၌ တရားမ၀င်သုံးစွဲမကိုတားမြစဆောင်ရွက်မှု များ
ရှိသော်လည်း   မောင်တောနယ်စပ်ဈေးများ၌ ဘင်္ဂလာဒေ့ရှ်ငွေကြေးတာကာကို ကျယ်ပြန့်စွာ သုံးစွဲနေကြ
သည့်အတွက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် နိုင်ငံ၏ငွေကြေးနှင့် ဂုဏ်သိက္ခာကို အလိုအလျှောက်
ကျဆင်းစေသည့်အတွက် ယခုကဲ့သို့ ထားမြစ်ဆောင်ရွကရခြင်းဖြစ်ကြောင်း  သက်ဆိုင်ရာ နယ်စပ်လုံခြုံရေး
အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

"သက်ဆိုင်ရာညွန်ကြားချက်အရ မောင်တောနယ်စပ်ဈေးကွက်တွေမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံးတာကာငွေ
ဖြင့်   ဈေးရောင်းဈေးဝယ်ခြင်းကို တင်းကျပ်စွာဆောင်ရွက်ထားတာပါ။ ဒါပေမယ့်ဈေးအချို့မှာ ရောင်းသူ
ဝယ်သူများအကြား တာကာငွေကြေးကိုခိုးချောင်ခိုးဝှက် အသုံးပြုနေကြတာကို တွေ့ရပါတယ်"ဟု တောင်
ပြိုဒေသနယ်စပ်ဈေး တစ်ခုမှ ဈေးတာဝန်ခံကပြောသည်။
 
 မောင်တော်နယ်စပ်ဒေသတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်ပစ္စည်းအရောင်း အ၀ယ်များပြုလုပ်ကြရာ
၌ တာကာငွေကြေးကို ကြားခံအဖြစ် တွင်ကျယ်စွာ အသုံးပြုလာခြင်းများကြောင့် နယ်စပ်ဈေးကွက် များ၌
မြန်မာကျပ်ငေများဖြင့်အရောင်းအ၀ယ်ပြုရာ တွင် ဈေှးနှိမ့်အောက်ချို့ခံရမူများ  ရှိနေကြောင်းကိုလည်း ဒေ
သခံအခြေခံ လူတန်းစားတိုင်းရင်းသားအချို့က ပြောကြားသည်။
 
" အခုလိုတာကာငွေဖြင့် ဈေးရောင်းဈေးဝယ်တားမြစ်တာကို ကြိုဆိုပါတယ်။ ဒါပေမယ့် တားမြစ်ချက်ကနယ်
ဈးကွက်အားလုံးကို သက်ရောက်မှု မရှိသေးပါဘူး။ ဈေးကွက်အချို့မှာ တားမြစ်ချက်ကို ဖောက်ဖျက်ပြီးသုံး
စွဲနေကြတာကိုတွေ့နေရသေးတယ်"ဟုတောင်ပြိုလက်ဝဲမြို့နယဈေးမှ ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦးက
သူ့အမြင်အား ပြောကြားသည်။

လက်ရှိ မောင်တောနယ်စပ် မြန်မာ-ဘင်္ဂလာဒေ့ရှ်ရှိ ငွေလဲလှယ်မဈေးကွက်များ၌ ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တာကာငွေကြေး (၁၀၀)လျှင်   မြန်မာကျပ်ငွေတန်ဖိုး (၉၂၀)အထိ ဈေးပေါက်နေပြီး၊ နယ်စပ်ဒေသများ၌ ကုန်ပစ္စည်းများအရောင်းအ၀ယ်ပြုရာတွင် တာကာငွေကြေး (၁၀၀)လျှင် ကျပ်ငွေ (၁၀၀၀)အထိ စံနန်းသတ်
မှတ်ထားကြောင်း ကျပ်ငွေဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်သူ ဒေသခံ ရခိုင်တိုင်းသားများထံက သိရှိရသည်။

မြစ်မခသတင်း
 

No comments:

Post a Comment