Pages

Pages - Menu

Saturday, September 15, 2012

ယာဉ်မောင်းနေစဉ် ဖုန်းပြောဆိုမှု များအား အရေးယူ သွားမည်

 
ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ ကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်း များမှာ ယာဉ်မောင်းတွေ အနေနဲ့ မော်တော်ယာဉ်မောင်း နေစဉ် အတွင်း ဖုန်းပြောဆိုခြင်းများ ပြုလုပ်မှုကို ယခုလက စတင်ပြီး ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
အခုလိုအရေးယူမှုတွေဆောင်ရွက်ဖို့စီစဉ်ရတာဟာယာဉ်မောင်းသူတွေရဲ့ဖုန်းပြောမှုကြောင့် ယာဉ်မတော်
တဆမှုတွေဖြစ်ပွားရတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီအတွက်ယာဉ်မတော်တဆမှုတွေလျာ့ကျစေဖို့ ရည်ရွယ်
ကာသက်ဆိုင်ရာမှအထူးစစ်ဆေးရေးအဖွဲ့များနဲ့မော်တော်ယာဉ်ဂိတ်တွေမှာပါစနစ်တကျ စစ်ဆေးသွားမှာ
 ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် လမ်းတွေ မှာလည်း ကြီးကြပ် ရေးမှူးများ၊ အထူး စစ်ဆေးရေး အဖွဲ့များနဲ့ စစ်ဆေးကာ ဖုန်းပြောဆိုမှု တွေ့ရှိပါက ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်ပါတယ်။ 
 
ဒီလို အရေးယူ ဆောင်ရွက်ရာ မှာတော့ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ချမှတ်ထားတဲ့ ယာဉ်မောင်း သူတွေ လိုက်နာရမယ့် အချက် ၁၃၈ ချက် နဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ပြီး အရေးယူမှု အနေနဲ့ ယာဉ်လိုင်းမှ ထုတ်ပယ်မှု၊ ယာဉ်မောင်း လိုင်စင် ပိတ်သိမ်းမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။
 
 

No comments:

Post a Comment