နိုင်ငံပိုင်လယ်မြေကျူးကျော်မှုဖြင့် ရွာသား ၁၂၅ဦး ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှဆင့်ခေါ်
နေပြည်တော်၊စက်တင်ဘာ၊၁၃နေပြည်တော်ကောင်စီနယ်မြေဒက္ခိဏသီရိမြို့နယ် မှ နိုင်ငံတော်ပိုင်လယ်၊
ယာမြေများကိုကျူးကျော်နေထိုင်မှုဖြင့်ရွာသား၆၃ဦးအပါအ၀င်အသက်၁၈နှစ်ပြည့်ပြီးသူမိသားစုဝင်များကို
အမှုရင်ဆိုင်ရန်ယနေ့နံနက် ၁၀း၃၀ အချိန်တွင် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှ ဆင့်ခေါ်ထားကြောင်းသတင်း ရရှိသည်။ဆင့်ခေါ်စာပေးပို့ခံရသူရွာသားမှာ၆၃ဦးရှိပြီးထိုဆင့်ခေါ်ခံရသောရွာသားများနှင့် အတူနေထိုင်ပြီးအသက်
၁၈နှစ်ပြည့်ပြီသူအပါအ၀င် တရားစွဲဆိုခံရသောဦးေ၇မှာ ၁၂၅ ဦးရှိကြောင်းသတင်းရရှိသည်။
“ကျွန်တော်တို့
တရားစွဲခံရသူတစ်ဦးကို
အာမခံဖို့ဆိုပြီး လူနှစ်ဦးလိုက်ရတယ်။ဒီတော့ တရားစွဲခံရတာက ၁၂၅ဦးအာမခံလိုက်ပေးရတာက၂၅၀ဦးစုစုပေါင်း၃၇၅ဦးလာရမှာဗျ။လောလောဆယ်တော့
တက်နိုင်သူတွေ
ကဘတ်စ်ကားနဲ့သွားတာရှိသလိုဘတ်စ်ကားခမတက်နိုင်လို့ ၁၅မိုင်လောက်ခရီး ခြေလျှင်လျှောက်နေကြသူ
တွေလဲရှိတယ်။
ဆန္ဒပြတာတော့မဟုတ်ပါဘူး။သူတို့ဆင့်ခေါ်လို့လာကြတာပါ။" ဟုရွှေခဲအင်းကျေးရွာအုပ်စုနေသူတစ်ဦးက
ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဒက္ခိဏသီရိမြို့နယ်မှဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ တစ်ဦးအသွားအပြန်ကားခမှာ တစ်ထောင်နီးနီးရှိ၍ မိသားစုဝင်သုံးဦးလာလျှင်ကားခသုံးထောင်ကျပ်၊အာမခံပေးသူနှစ်ဦးစီအတွက်လမ်းစရိတ်ပါပေါင်းလျှင်လမ်း
စရိတ်ခြောက်ထောင်ကျပ်ကုန်ကျမည်ဟု၎င်းကဆက်ပြောသည်။တရားရုံးသို့ဆင့်ခေါ်ခံရသော
အဆိုပါ ရွာသားများအားယခုနှစ်၊ဇွန်လအတွင်းက တရားစွဲဖူးကာ ထိုအမှုကိုပင်
သြဂုတ်လအတွင်း ပလပ် အမှုအဖြစ်သတ်မှတ်ခဲ့သည်။
ပေါ်ပြူလာဂျာနယ်
No comments:
Post a Comment