Pages

Pages - Menu

Tuesday, September 4, 2012

အစ္စလာမ်နိုင်ငံရေးပါတီ (၃) ခု နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံမယ်

အစ္စလာမ်နိုင်ငံရေးပါတီ (၃) ခုဖြစ်တဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီ ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက် တစ်ပါတီ ၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီတွေက ခေါင်းဆောင်တွေဟာ အခုလ (၆) ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သွားရောက်တွေ့ဆုံကြမယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ထဲမှာ အဲဒိ အစ္စလာမ်ပါတီ တွေကခေါင်းဆောင် တွေ ပါဝင်မှုမရှိတဲ့အပေါ် သမ္မတထံ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကန့်
ကွက်စာတင်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံမှာ ဖြစ်တယ်လိုကမန်
အမျိုးသားတိုးတက်ရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဝေက RFA ကို ဒီကနေ့ ပြောပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခကို မဖြစ်စေဘဲ သမ္မတကချမှတ်ပေး
ထားတဲ့ အချက် (၈) ချက်အပေါ်မှာ အခြေခံပြီး အဖြစ်မှန်ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ဖို့ကို
သာ မျှော်လင့်နေကြောင်း ဦးထွန်းထွန်းဝေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူများစု ရခိုင်တိုင်းရင်းသားတွေအပြင် ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စတဲ့ လူနည်းစုတိုင်းရင်းသားတွေ လည်း နေထိုင်ကြပါတယ်။
 
 
RFA (Burmese)

No comments:

Post a Comment