Pages

Pages - Menu

Saturday, September 22, 2012

'ဘင်္ဂါလီ'ဆိုသည့် အသုံးအနှုန်းကို ဆက်လက်မသုံးစွဲရန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက မေတ္တာရပ်ခံ

ယနေ့နေပြည်တော်တွင်ကျင်းပသောရခိုင်အရေးကိစ္စအလုပ်ရုံဆွေးနွေးပွဲ၌မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်
သံအမတ်ကြီးက'ဘင်္ဂါလီ'ဆိုသည့်အသုံးအနှုန်းကိုဆက်လက်မသုံးစွဲရန်မေတ္တာရပ်ခံခဲ့ပြီး အိန္ဒိယနိုင်ငံနှင့်ဘင်္ဂ
လားဒေ့ရှ်နိုင်ငံတို့မှခိုးဝင်လာသူများဟုသုံးနှုန်းလိုပါက သုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့သည်။ယနေ့ပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲတွင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာ
နမှ လက်ထောက်ညွှန်ကြားရေးမှူးက မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်းမရှိကြောင်း ပြောကြားခဲ့ပြီး
ထိုသို့ ပြောကြားချက်ကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသော ရခိုင်ဒေသခံများက မေးခွန်းထုတ်ခဲ့ကြ
သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ထိုဆွေးနွေးပွဲမှာပင် ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးကလည်း ဘင်္ဂါလီဟု ခေါ်ဝေါ်ခြင်းမပြုဘဲ ရိုဟင်ဂျာဟုတ
ရားဝင်သုံးနှုန်းစေလိုကြောင်း ပြောကြားခဲ့ပြီး ထိုပြောကြားချက်ကို ရခိုင်မှ ကိုယ်စားလှယ် ဦးသာပွင့်ကနိုင်ငံ
တော်က ရိုဟင်ဂျာဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားခြင်းနှင့် ဆန့်ကျင်နေသည့်အတွက် ပြန်
လည်မေးခွန်းထုတ်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးမေးမြန်းထားသည်များကို မနက်ဖြန် (စက်တင်ဘာ ၂၃)တွင် ပြုလုပ်မည့် အ
လုပ်ရုံဆွေးနွေးပွဲတွင် ပွင့်လင်းစွာ ဖြေကြားသွားမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။
 
 
7Day News Journal

No comments:

Post a Comment