Pages

Pages - Menu

Monday, September 17, 2012

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ ကျန်းမာရေးကောင်းမွန်နိုင်

 
လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ  ကြည့်ရှုခံစားခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးကောင်းမွန်စေကြောင်းသိရှိရသည်။ ယင်း အလေ့အကျင့်ကြောင့်ရရှိလာ
သည့် လှုံဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန်များသည် အမျိုးသား အယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက် သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှဖြစ်ကြောင်း  ပြောကြားထားပြီး ကျန်တ၀က်မှာမူ ထိုကိစ္စ အတွက် ထောက်ခံခြင်းမပြုဘဲ  ကြားနေကြသည်။

ပညာရှင်များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ ဆန္ဒအတိုင်းဆောင်ရွက်ရန်
 ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့်ပေး ထားသည်။ (၅)နှစ်ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကိုအရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများ သည် သွေး ဖိအား ပြဿနာ၊  သွေးကြောနှင့် ဆိုင်သောရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ  ဖြစ်ပေါ်နိုင်ခြေ သိသိသာသာ ကျဆင်းသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။



လိင်နှင့်ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ
သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန်ကောင်းမွန်စေသည်။ထို့ကြောင့်လည်းလိင်စိတ်ကိုလှုံဆော်ပေးနိုင်သည့်ရင်သားအလှကို  နေ့စဉ်ခံ
စားထိတွေ့နေသည့်အမျိုးသားများအတွက်ကျန်းမာရေးပိုမိုကောင်းမွန်နေသည်မှာမေးခွန်းထုတ်စရာ မလို
သည့် ရလဒ်ဖြစ်ကြောင်း ဒေါက်တာဝီသာဘီက ရှင်းပြခဲ့သည်။

ထို့အပြင်ထိုအပြုအမူကိုကာလရှည်ကြာပြုလုပ်ပါကနှလုံးရောဂါဖြစ်နိုင်ခြေ
ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟု
လည်းဆိုသည်။ ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီက အမျိုးသားများ (အထူးသဖြင့် အသက် ၄၀ ကျော် ပုဂ္ဂိုလ်များ)သည်D-Cupအရွယ်၊သို့မဟုတ်ပိုကြီးသောအမျိုး သမီးရင်သားများကို နေ့စဉ်နေ့တိုင်း (၁၀)မိနစ်မျှ ခံစားကြည့်ရှုသင့်ကြောင်းတိုက်တွန်းနှိုးဆော်ထားသည်ကိုဂျာမဏီနိုင်ငံထုတ်နယူးအင်္ဂလန်ဆေးပညာ ဂျာ
နယ်တွင် ဖေါ်ပြထားသည်။
 
  ရွှေမြန်မာ

No comments:

Post a Comment