Pages

Pages - Menu

Saturday, September 1, 2012

လှည်းတန်း ခုံးကျော်တံတား ၂၀၁၃ သင်္ကြန် မတိုင်မီ ပြီးမည်မှန်း


ရန်ကုန်မြို့ရှိ လမ်းမကြီး ငါးလမ်း ဆုံရာ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ကားလမ်း ခုံးကျော်တံ
တားတစင်း တည်ဆောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်၊ ဧပြီလ သင်္ကြန်မတိုင်ခင် ပြီးစီးမည်ဟု မြို့တော် စည်ပင်
သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

လေးလအတွင်း အပြီးဆောက်လုပ်ရန် ရည်ရွယ်ထားသော ထိုခုံးကျော်တံတားကို ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပန္နတ်ချကာ ဧပြီလမှ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

“လှည်းတန်း ခုံးကျော် တံတားကို အမြန်ဆုံးပြီးအောင် ဆောင်ရွက်နေပါတယ်။ နေ့ဆိုင်းအပြင် ညဆိုင်းပါ ခွဲ
ပြီး လုပ်နေပါတယ်။ ပထမတုန်းကတော့ လေးလနဲ့ အပြီးဆောက်နိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ခုံးကျော်တံ
တားဆောက်ဖို့ လမ်းချဲ့ နေရတဲ့အတွက် ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတော့ ပြီးနိုင်မယ်လို့ မှန်းထားပါတယ်” ဟု စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှူး ဦးစည်သူလွင် က ဆိုသည်။

ထို့ပြင် ရေမြောင်း သစ်များတူးဖော်ရခြင်း၊ မြေအောက်ရှိ လျှပ်စစ် ဓါတ်အားလိုင်းနှင့် တယ်လီဖုန်းလိုင်းများ ဆက်သွယ် ပြောင်းရွှေ့ရခြင်း စသည်တို့ကိုကြောင့်လည်း ကြန့်ကြာသွားရသည်ဟု ၎င်းက ဆိုသည်။

ရွှေတောင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အဆိုပါ ခုံးကျော်တံတားကို စည်ပင်နှင့် တိုင်းအ
စိုးရအဖွဲ့တို့က လုပ်ငန်းကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ဘိုးတိုင်တူးခြင်း လုပ်ဆောင်လျက်ရှိပြီး ယင်းလုပ်ငန်းစဉ်များ ပြီးစီးမှသာ တံတား သံဘောင် ယက်မများ တင်သည့် လုပ်ငန်းရပ်များ ဆက်လုပ်နိုင်မည်ဟု ဦးစည်သူလွင်က ဆိုသည်။

လှည်းတန်းကားလမ်း ခုံးကျော်တံတားကို သံမဏိ ယက်မ နှင့်သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်
မည်ဖြစ်ပြီး အရှည် ၂,၄၆၆ ပေ၊ ယာဉ်သွားလမ်း အကျယ် ၄၄ ပေ ၈ လက်မ၊ လူသွားလမ်း အကျယ် တဖက်
လျှင် ၄ ပေစီ ရှိမည် ဖြစ်သည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် မြို့တွင်းကားလမ်း ပိတ်ဆို့မှု အများဆုံး
နေရာများဖြစ်သော လမ်းဆုံမီးပွိုင့်နေရာများတွင် ခုံးကျော်တံတားများ ဆောက်လုပ်မှုကို လှည်းတန်း၊ ရွှေဂုံ
တိုင် အစရှိသည့် လမ်းမ ငါးလမ်း ဆုံရာ နေရာများနှင့် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းဆုံတို့တွင် ကား
လမ်း ခုံးကျော်တံတားများ တည်ဆောက်မည် ဖြစ်သည်။

ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်မှုကို FMI ကုမ္ပဏီအား လည်းကောင်း၊ ရွှေဂုံတိုင် ခုံးကျော်တံ
တားတည်ဆောက်မှုကို Capital Development ကုမ္ပဏီအား လည်းကောင်း လုပ်ကိုင်ခွင့်ပြုထားသည်။

ဘုရင့်နောင်၌ ခုံးကျော်တံတားအား ဇွန်လဆန်းပိုင်းက ပန္နတ်ချခဲ့ပြီး လက်ရှိတွင် အကြိုအင်ဂျင်နီယာလုပ်
ငန်းများဆောင်ရွက်လျက် ရှိသည်။

ရွှေဂုံတိုင် ကားလမ်း ခုံးကျော်တံတားအတွက် Capital Development ကုမ္ပဏီက သြဂုတ်လ ၁၀ နှင့် ၁၁ ရက်
နေ့တို့တွင် မြေ စမ်းသပ်တိုင်းတာခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။


ရန်ကုန် (မဇ္ဈိမ)

No comments:

Post a Comment