Pages

Pages - Menu

Friday, September 21, 2012

ရွှေဝါရောင်တော်လှန်ရေးသပိတ်လှန်ပွဲ နှစ်မကုန်ခင် ကျင်းပမယ်


၁၉၉၀ နဲ့ ၂၀၀၇နှစ်တွေက စစ်အစိုးရအပေါ် သံဃာတော်တွေ စုပေါင်းပြီး ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် ဆင်နွှဲခဲ့တာကိုယခုနှစ်အတွင်းပတ္တုက္ကုဇ္ဇနကမ္မ၀ါဖတ်ပြီးသပိတ်လှန်ဘို့ယခင်ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ
ပါဝင်ခဲ့တဲ့ ရဟန်းတွေ စီစဉ်ဆောင်ရွက်နေတဲ့အကြောင်း သတင်းရရှိပါတယ်။
“အရင်တုံးက လက်နက်ကိုင်တဲ့ စစ်အစိုးရဆိုတာ အခု မရှိတော့ဘူး၊ ၂၀၀၇ တုံးက သပိတ်မှောက် ကံဆောင်
မှုဟာ အဲဒီတုံးကစစ်အစိုးရနဲ့သာ သက်ဆိုင်ပြီး၊  ဒီကနေ့ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်မှုမရှိတော့ဘူး”လို့
 ရွှေဝါရောင် သံဃာ့ကံဆောင်သပိတ်မှာဦးဆောင် ပါဝင်လို့ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ ရန်
ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက် ဆရာတော်ဦးပဏ္ဍ၀ံသက မိန့်ကြားခဲ့ပါတယ်။

“အဲဒီတုံးက ကံဆောင် သမုတ်ခဲ့တဲ့ သံဃာတော်တွေကနေ၊  ပတ္တနိက္ကုဇ္ဇနလို့ ခေါ်တဲ့ သပိတ်လှန်ခြင်းကမ္မ၀ါ
နဲ့ ပြန်လည်ဆင်နွှဲဘို့ကို၊ ရွှေဝါရောင်(၅)နှစ်မြောက် နှစ်ပတ်လည်မှာ ဆွေးနွေးခဲ့တာပါ” လို့ မိန့်ပါတယ်။

တိုင်းပြည်မှာ၂၀၀၇ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အပြီး ယနေ့အထိ မကြုံစဖူး ရေဘေး၊ လေဘေး၊နဲ့ မိုးခေါင်
ရေရှားပြဿနာတွေ ကြုံနေရတာကို ဗုဒ္ဓဘာသာ မြန်မာလူမျိုး အတော်များများက ၂၀၀၇ သံဃာတော်တွေ
ရဲ့ ကံဆောင်သပိတ်ရဲ့ အကျိုးဆက်လား ဆိုတဲ့ ပြောဆိုချက်တချို့ကို အလေးအနက် သုံးသပ် ဆင်ခြင်ခဲ့
ကြောင်းလည်း သိရပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး(၅)နှစ်ပြည့် အခမ်းအနားအပြီး နောက်တ
နေ့ ဗုဒ္ဓဟူးနေ့က တနိုင်ငံလုံးသံဃာတော်တွေကို ဆက်သွယ် အကြောင်းကြားခဲ့ပြီး၊ လတ်တလောဝါတွင်း
ကာလဖြစ်နေလို့ သံဃာတော်တွေ ခရီးမသွားနိုင် တာကြောင့် လာမဲ့ အောက်တိုဘာလ တတိယအပတ်မှာ တနိုင်ငံလုံးက သံဃာ အချင်းချင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်လိမ့်မယ်လို့ ယူဆရတဲ့အကြောင်းလည်း ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

“ပတ္တုက္ကုဇ္ဇနကမ္မ၀ါရွတ်ပြီး သပိတ်လှန်တာကို မြန်နိုင်သမျှမြန်အောင်လုပ်ကြမယ်၊ ဒီနှစ်ထဲမှာဘဲ ဖြစ်အောင်
လုပ်ကြမှာပါ၊  ဒီ ပတ္တနိက္ကုဇ္ဇနကံဆောင်တာကိုလည်း နိုင်ငံတော် သံဃာ နာယက ညွှန်ကြားချက်တွေနဲ့ရော၊ အစိုးရ အမိန့်ကြော်ငြာစာတွေ၊ ပြန်တမ်းတွေ၊ အမိန့်တွေနဲ့ ဘယ်လောက် ထုတ်ပြန်ပစေ မပျက်ပြယ်သွားဘူး
၊ အစိုးရအာဏာစက်နဲ့လည်း လုပ်မရဘူး၊ ဒါက ဘုရားရှင် နှုတ်ခပတ်တော်လာ ပန္နတ္တိ၀ိစ္စလို့ ခေါ်တဲဘုရား
ရှင်ရဲ့ ဥပဒေဖြစ်တယ်။

ဘုရားရှင်တော်ရဲ့ ဥပဒေဖြစ်တာကြောင့် ဘုရားရှင်ရဲ့ လုပ်ထုံးနည်းဥပဒေလာအတိုင်းဘဲ ပတ္တုက္ကုဇ္ဇနကမ္မ၀ါ
ကို ထပ်မံ ဖတ်ရမယ်” လို့ဆရာတော် ဦးပဏ္ဍ၀ံသ ကမိန့်ကြားခဲ့ပါတယ်။

ပြည်တွင်း သံဃာအများစုနဲ့ ဆွေးနွေးညှိနှိုင်းနေသလိုကံဆောင်သပိတ်၂ ရပ်လုံးမှာ ပါဝင်ခဲ့တဲ့ ပြည်ပရောက်
သံဃာတော်တွေကိုလည်း အကြောင်းကြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။လတ်တလောကာလမှာ
တော့ လက်ရှိအစိုးရအာဏာပိုင်တွေကို အသိပေး၊ အကြောင်းကြားတာ၊ ညှိနှိုင်းတာမျိုး မရှိသေးပေမဲ့ သူတို့
အားကိုးယုံကြည်တဲ့မဟနအဖွဲ့ (မြန်မာနိုင်ငံသံဃာ့မဟာနာယကအဖွဲ့)ကကြားခံ ဆွေးနွေးပေးရင်ဝမ်းမြောက်
ဝမ်းသာကြိုဆိုမဲ့အကြောင်းလည်း ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

“မဟနအဖွဲ့ကလည်း အရင် နအဖ စစ်အစိုးရလက်ထက် ဖွဲ့ခဲ့ပြီး သံဃာထု အများစုကို ကိုယ်စားပြုတာတော့ မဟုတ်ဘူး၊ ထေရ၀ါဒသာသနာမှာ သံဃာ့အား ဘုရားတောင် လွန်ဆန်လို့ မရဆိုတဲ့အဆိုလည်း ရှိတာကိုး၊ ဒီမိုကရေစီခေတ်မှာ သံဃာအများစုဆန္ဒအတိုင်း ဖြစ်သင့်တာပေါ့၊ မဟနဆရာတော်ကြီးတွေ၊ ပါဝင် ဆောင်
ရွက်ပေးရင်လည်း ကောင်းတာပေါ့” လို့ ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။

တကယ်လို့ ပတ္တုက္ကုဇ္ဇနကမ္မ၀ါကိုရွတ်ဖတ်မဲ့ အစီအမံ အထမြောက်လာရင်ဒုတိယအကြိမ်မြောက်ကမ္မ၀ါဖတ်
ခြင်း ဖြစ်ပါလိမ့်မယ်။

၁၉၉၀တုံးကမန္တလေးစိန်ပန်းရပ်က သံဃာတော်တွေ ဆွမ်းခံကြွနေတဲ့အချိန်မှာ လုံထိမ်းတွေနဲ့ စစ်တပ်က၀င်
ရောက်ပစ်ခတ်လို့၊ သံဃာတော်တချို့ သေနတ်ထိမှန် ဒါဏ်ရာရတာ၊ ပျံလွန် တော်မူတာတွေ ဖြစ်ခဲ့ဘူးတယ်၊ ဒါကြောင့် ပထမအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကြီးဖြစ်ခဲ့ပါတယ်။

အဲဒီတုံးက နိုင်ငံတော် သံဃာ့မဟာနာယက အဖွှဲ့နဲ့ အဲဒီကာလဗိုလ်ချုပ်စောမောင်ဦးစီးတဲ့ နိုင်ငံတော် ငြိမ်ဝပ်
ပိပြားရေး အစိုးရကနေ ကာယကံရှင် သံဃာတော်တွေ သဘောထားမယူဘဲ၊ ပတ္တုက္ကုဇ္ဇနကမ္မ၀ါ ရွတ်ခဲ့ကြပါ
တယ်။

အဲဒီတုန်းက ကံဆောင်ခဲ့တာဟာ ဒီနေ့ထိ ပျက်ပြယ်မှု မရှိသေးဘူးလို့လည်း ဆရာတော်ဦးပဏ္ဍ၀ံသက မိန့်ပါ
တယ်။

“ပတ္တနိက္ကုဇ္ဇနကမ္မ၀ါ ဖတ်ပြီးရင်၊ ဒီသပိတ်ကို ပြန်လှန်ဘို့၊ ပြန်နှုတ်မယ် ဆိုရင်၊  ပတ္တုက္ကုဇ္ဇနဆိုတဲ့ ကမ္မ၀ါစာ
ပန်ရွတ်ဖတ်ရတယ်။ အဲလိုဖတ်မှသာလျှင် ပတ္တနိက္ကုဇ္ဇနဆိုတဲ့ သပိတ်မှောက်ခြင်းကံက ပျက်ပြယ်တယ်၊  အဲဒီ
တုံးက ဆရာတော် တပါးပါး၊ အသက်အရွယ်ကြီးလို့ဖြစ်စေ၊ နာမကျမ်းလို့ဖြစ်စေ မကြွရောက်နိုင်တောင်၊သူ့
ရဲ့ နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ ဆန္ဒပေးလို့ရှိရင် ကံမြောက်ပါတယ်။ အနည်းဆုံး(၄)ပါးပါဝင်ရမှာပါ” လို့ ဆရာ
တော်ကမိန့်ပါတယ်။

သံဃာ့ကိစ္စသံဃာတွေ ဆောင်ရွက်ရမှာ အစိုးရအာဏာပိုင်တွေ ခွင့်ပြု၊ မပြု ဆိုတာ ထည့်စဉ်းစားရမဲ့အထိ အရေးမကြီးဘူးလို့လည်း ဆရာတော်က ဆိုပါတယ်။

“အစိုးရတို့ဘာတို့ဆိုတာ ဥပဿဝက အဆင့်လောက်ပဲ ရှိပါတယ်၊ ဒီကိစ္စတွေဟာ ဘုရားဟော၊ ဥပဒေတွေ
 ဖြစ်တယ်၊ အစိုးရအခြေခံဥပဒေနဲ့ မဆိုင်ဘူး၊ ပါလည်း မပါဘူး၊ ဒါကြောင့် သူတို့ဆီက သဘောထား မလိုပါ
ဘူး။ ကံဆောင်သပိတ်မှောက်ထားတဲ့ သံဃာအများစုဟာ အာဏာပိုင်တွေဆီကဒီနေ့ထိ ပစ္စည်း ၄ ပါးကို လက်မခံသေးပါဘူး” လို့ သက်တော် ၅၆ နှစ် ၀ါတော် ၃၆ ၀ါ ရှိတဲ့ ဆရာတော် ဦးပဏ္ဍ၀ံသက မိန့်သွားခဲ့ပါ
တယ်။

ဧရာဝတီ

No comments:

Post a Comment