ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး၏ တရားဝင်ဝက်ဘ်ဆိုက်ကို အသွင်သဏ္ဍန် ပြင်
ဆင်ပြောင်းလဲ
လွှင့်တင်လိုက်သည်ကို တွေ့ရသည်။ ယခင်က စမ်းသပ်အဆင့်ဖြစ်ကြောင်း
ဖော်ပြထားသည့် Beta စာလုံးကိုလည်း ဖြုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ထို့အပြင် ယခင်က Myanmar 3 မြန်မာစာလုံး တစ်မျိုးတည်းဖြင့်သာ
ကြည့်ရှုနိုင်ရန် စီစဉ်လွှင့်တင်ထားခဲ့
သော်လည်း ယခုအခါ အင်တာနက်သုံးစွဲသူ
မြန်မာလူမျိုးများကြား အသုံးပြုမှု အများဆုံးနှင့်
ရင်းနှီးကျွမ်းဝင်မှု
အရှိဆုံးဖြစ်သည့် Zawgyi မြန်မာစာလုံးဖြင့်လည်း
ပြောင်းလဲ ကြည့်ရှုနိုင်ရန် စီစဉ်ထားသည်။
သမ္မတရုံးဝက်ဘ်ဆိုက်၏ ပြောင်းလဲမှုတွင် ပြည်သူများက သမ္မတရုံးသို့ တိုက်ရိုက် စာရေးသားပေးပို့နိုင်
သမ္မတရုံးဝက်ဘ်ဆိုက်၏ ပြောင်းလဲမှုတွင် ပြည်သူများက သမ္မတရုံးသို့ တိုက်ရိုက် စာရေးသားပေးပို့နိုင်
သော ပြည်သူ့အသံဟူသည့် ကဏ္ဍလည်း ပါဝင်လာသည်။
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်ကိုအင်္ဂလိပ်ဘာ
သာဖြင့်လည်း လွှင့်တင်ထားသည်။
နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်သည် သမ္မတ၏ဆောင်ရွက်ချက်များ၊ သတင်းများကို
အမြန်ဆုံး တင်ဆက်ပေးနေသဖြင့် ဝင်ရောက်ကြည့်ရှုမှု များပြားသော ဝက်ဘ်ဆိုက်လည်း
ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် (Myanmar 3 Font):
http://www.president-office.gov.mm/
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် (Zawgyi Font):
http://www.president-office.gov.mm/zg
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် (English Language):
http://www.president-office.gov.mm/en/
နိုင်ငံတော်သမ္မတရုံးသို့ စာရေးသားပေးပို့ရန်:
http://www.president-office.gov.mm/contact

နိုင်ငံတော်သမ္မတရုံး
No comments:
Post a Comment