Pages

Pages - Menu

Friday, September 21, 2012

ယနေ့နံနက် ၁၀ နာရီခွဲမှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး လမ်းလျှောက် ဆုတောင်းပွဲသွားမယ့်သူတွေ ဟန့်တား ကန့်သတ်ခံ

  
ငြိမ်းချမ်းရေးနေ့အတွက် လှုပ်ရှားမှု ရန်ကုန်တွင်း ယနေ့ စက်တင်ဘာလ ၂၁ ရက်စောစောကတည်းက ကန့်သတ်မှု၊ ဖိအားပေး ခြိမ်းခြောက်မှုများ ဖြစ်နေပါတယ်။ ယနေ့ နံနက် ၃ နာရီက နေပြည်တော်ကို ထွက်ခွာဖို့ စုရပ်အဖြစ် ရန်ကုန်မြို့ မြေနီကုန်းရှိ ဒဂုံစင်တာအနီး မှာ နေပြည်တော် ကို ထွက်ခွာကြမယ့် ကားတွေနဲ့ ကားမောင်းသူတွေကို ဖိအားပေးခဲ့တဲ့အတွက် လိုက်ပါကြမ ယ့် ကချင်တိုင်းရင်းသားတွေနဲ့ သတင်းထောက်တွေကို ထားရစ်ပြီး အစီအစဉ်ပျက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်ကို သွားလိုကြတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ ၀င်တွေကြား အခြေအတင် စကားပြောခဲ့ကြပြီး ကချင်တိုင်းရင်းသားများကလည်း နေပြည်တော်ကို မသွားဖြစ်တော့၍ ပြည်သူ့ ရင်ပြင်ကို ငြိမ်းချမ်း စွာ လမ်းလျှောက်ပြီး ခရစ်ယာန်ဘာသာအရ ဆုတောင်းမှု လုပ်ခဲ့ရာမှာလည်း လုံခြုံရေးတွေရဲ့ နည်းအမျိုးမျိုးနဲ့ ဟန့်တား ခဲ့တဲ့အတွက် လူစု ခွဲလိုက်ရပါတယ်တဲ့။


ဒီကနေ့ နံနက် ၁၀ နာရီခွဲမှာတော့ ငြိမ်းချမ်းရေး လမ်းလျှောက်မှုကို စတင်ကြမှာဖြစ်ပြီး ရန်ကုန် မြို့လယ် မြို့တော်ခမ်းမ ရှေ့တွင် စုဝေးပြီး အထူးသဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမှု များ ပြု လုပ်ကြမယ်လို့ ဆိုပါတယ်။
 
ဧရာဝတီ

No comments:

Post a Comment