Pages

Pages - Menu

Thursday, September 20, 2012

အမေရိကန်သံအမတ်ကို တရုတ်ဆန္ဒပြသူများက တိုက်ခိုက်ရန်ကြိုးပမ်း


အရေအတွက်အားဖြင့် အယောက်(၅၀)မျှ ရှိနိုင်သည့် တရုတ် ဆန္ဒပြသူများသည် ဘေဂျင်းမြို့ရှိ အမေရိကန် သံအမတ်ကို ရန်ပြုတိုက်ခိုက်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။ 

အင်္ဂါနေ့က အမေရိကန် သံအမတ် စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို သံရုံးရှေ့တွင် ဆန္ဒပြသူများ
က ဝိုင်းအုံလာခဲ့သော်လည်း အသက်(၆၂)နှစ်ရှိ သံအမတ် ဂယ်ရီလော့ကီမှာ ထိခိုက်မှု မရှိခဲ့ဟု ဆိုသည်။
မရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လုံခြုံရေး တပ်ဖွဲ့များသည် သံအမတ်ကြီးအား လုံလောက်သော အ
ကာအကွယ် ပေးနိုင်ခဲ့သော်လည်း သံရုံးမော်တော်ကားမှာမူ အပျက်အစီး အနည်းငယ် ရှိခဲ့ကြောင်း ကြေညာ
သွားသည်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုကိစ္စအတွက် မိမိတို့ အနေဖြင့် စိုးရိမ်နေသည်ကို တရုတ်နိုင်
ငံခြားရေး ဝန်ကြီးဌာနထံ အကြောင်းကြားထားကြောင်းလည်း သတင်းထုတ်ပြန်ခဲ့သည်။ 


ကျွန်းပိုင်ဆိုင်မှု အငြင်းပွားနေသည့်အတွက် တရုတ်နှင့် အငြင်းပွားနေသော ဂျပန်သံရုံးရှေ့တွင် စုရုံးဆန္ဒပြ
နေသူများအနက် အချို့က လော့ကီ၏ ကားကို ယခုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်သည် အမေရိကန်
၏ အနီးကပ် မဟာမိတ်နိုင်ငံ ဖြစ်သော်လည်း ယင်းအချက်သည် လော့ကီ၏ကားကို ဆန္ဒပြသူများက တိုက်
ခိုက်ခဲ့မှုနှင့် သက်ဆိုင်မှု ရှိမရှိ အသေးစိတ် မသိရသေးချေ။

မည်သို့ပင်ဖြစ်စေ ဂျပန်အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံတွင် အမေရိကန်ကို မျက်မုန်းကျိုးမှုများ ပိုမို သိ

သာလာကာ တရုတ်အစိုးရအပေါ် အမေရိကန် အကြွေးတင်နေသည့် ဒေါ်လာ ထရီလီယံနှင့်ချီသော ငွေများ
ကို ရည်စူးကာ "ငါတို့ပိုက်ဆံတွေ ပြန်ပေး"ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။ တရုတ်နိုင်ငံရေးသမား အချို့တို့ကလည်း အမေရိကန်သည် ကျွန်းပိုင်ဆိုင်ခွင့်အငြင်းပွားမှုတွင် ဂျပန်ဘက်မှ ရပ်တည်နေသည်ဟုပြစ်
တင်ဝေဖန်ခဲ့ကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Media:

No comments:

Post a Comment