Pages

Pages - Menu

Tuesday, September 18, 2012

တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်နိုင်ရေး တောင်းဆိုမည်

မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား အဖွဲ့ချုပ်က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယခုကဲ့သို့ တောင်သူလယ်သမားနေ့အား ပြောင်းလဲသတ်မှတ်ရန် တောင်းဆိုရခြင်းမှာ လက်ရှိသတ်မှတ်ထားသည့် တောင်သူလယ်သမားနေ့ မတ်လ ၂ ရက်နေ့သည် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း မြန်မာနိုင်ငံအား အာဏာသိမ်း သည့်နေ့ဖြစ်သည့်အတွက် ယင်းမတ်လ ၂ ရက်နေ့အစား ဆရာစံဦးဆောင်သော တပ်ဖွဲ့ဝင်များ အင်္ဂလိပ်အား တိုက်ခိုက် အောင်နိုင်သည့်နေ့ကို ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။
 
“တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ တောင်သူလယ်သမားနေ့ ပြောင်းလဲသတ် မှတ်ပေးဖို့အတွက် တောင်းဆို သွားမှာပါ။ တက်ကျွမ်းတဲ့ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ တောင်သူလယ်သမား ဥပဒေပါ အချက်တွေထဲက ပြင်သင့်တာကိုပြင်နိုင်အောင်၊ ဖျက် သင့်တာကို ဖျက်နိုင်အောင် တောင်သူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်အောင် တောင်းဆိုသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
 
နိုင်ငံလူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်ဖြစ်သော တောင်သူလယ်သမာများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့ပာု သတ်မှတ်ခဲ့ပြီး ၁၉၆၂ ခုတွင် တော်လှန်ရေး ကောင်စီလက်ထက်၌ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများကို ကျင်းပပြုလုပ်၍ မတ်လ ၂ ရက် နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။
 
TransparencyMyanmarblog

No comments:

Post a Comment