(Photo courtesy of OpenSociety Monywa) |
စစ်ကိုင်းတိုင်း
ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင်ကြေးနီ စီမံကိန်းကြောင့်လယ်သိမ်းခံရတဲ့ကျေး
ရွာ တွေကနေ မုံရွာမြို့ပေါ်ကို အင်္ကျီဆင်တူဝတ်ပြီး
ဘုရားဖူးလာတဲ့ အမျိုးသမီးတွေ အပါအ၀င် ဒေသခံ အ
မျိုးသမီး (၁၂) ဦးကို
အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။
ပင်ကြီးဆိပ်ကမ်းကနေ တတ်လာချိန် ကတည်းက ရဲအင်အား (၃၀)လောက်က အနီးကပ် စောင့်ကြည့်နေခဲ့
ကြောင်း ၀က်မှေးကျေးရွာသူတစ်ဦးက RFA ကို ပြောပြပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားသူတွေ ပြန်လွှတ်ပေးဖို့အတွက် မုံရွာမြို့ပေါ်က ဒေသခံတွေ၊ ပွင့်လင်းလူ့အဖွဲ့အစည်း
ဖမ်းဆီးထိန်းသိမ်းထားသူတွေ ပြန်လွှတ်ပေးဖို့အတွက် မုံရွာမြို့ပေါ်က ဒေသခံတွေ၊ ပွင့်လင်းလူ့အဖွဲ့အစည်း
က လှုပ်ရှားနေသူတွေနဲ့ မုံရွာခရိုင် ဗကသကျောင်းသား အဖွဲ့ဝင်တွေပါဝင်တဲ့ ပြည်သူလူထု(၃၀၀)နီးပါး က
မုံရွာအမှတ်(၁) ရဲစခန်းကို ၀ိုင်းထားပြီးဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ဆန္ဒပြတဲ့အထဲမှာ ပါဝင်သူတစ်ဦးဖြစ်
တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကံရွှေက
RFAကို ပြောပြပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူအားလုံးကို အာဏာပိုင်တွေက အခု ညနေ(၆)နာရီအထိ မလွှတ်ပေးသေးတဲ့ အ
ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူအားလုံးကို အာဏာပိုင်တွေက အခု ညနေ(၆)နာရီအထိ မလွှတ်ပေးသေးတဲ့ အ
တွက် မုံရွာခရိုင် ဗကသကျောင်းသားတွေ ဦးဆောင်တဲ့ ဒေသခံ လူထု(၃၀၀၀) နီးပါးလောက်ဟာ ထိန်းသိမ်း
ခံထားတဲ့သူတွေကို အမြန် လွှတ်ပေးရေး တောင်းဆိုပြီး မုံရွာမြို့တစ်ပတ်လှည့်လည်ဆန္ဒပြနေတယ်လိုသိရ
ပါတယ်။
မုံရွာတစ်ဖက်ကမ်းကနေ မုံရွာမြို့ပေါ်ကို ပို့ဆောင်ပေးနေတဲ့ လှေ၊ သမ္မာန် စတဲ့ ပို့ဆောင်ရေးရေယာဉ်တွေ
မုံရွာတစ်ဖက်ကမ်းကနေ မုံရွာမြို့ပေါ်ကို ပို့ဆောင်ပေးနေတဲ့ လှေ၊ သမ္မာန် စတဲ့ ပို့ဆောင်ရေးရေယာဉ်တွေ
ကိုလည်း တစ်ဖက်ကမ်းကျေးရွာတွေကနေ မြို့ပေါ်တတ်လာလို့မရအောင်အာဏာပိုင်တွေက မနေ့ကတည်း
က တားဆီးပိတ်ပင်ထားတဲ့အတွက် မုံရွာမြို့ပေါ်မှာ အလုပ်လုပ်နေရတဲ့ ဒေသခံ အလုပ်သမားတွေ အခက်
အခဲကြုံ နေရတယ်လို့ သိရပါတယ်။
RFA (Burmese)
No comments:
Post a Comment