ဒီကနေ့ ၀ါခေါင်လပြည့်နေ့မှာ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို
ထိုင်း-မြန်မာနယ်စပ်မဲဆောက်
မြို့ တောရဘုန်းတော်ကြီးကျောင်းမှာ
မဲဆောက်ဒေသတွင်း ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ စု
ပေါင်းပြီးကျင်းပခဲ့ပါတယ်။
ပြီး အဲဒီသ၀ဏ်လွှာမှာ ကရင်တိုင်းရင်းသား
အားလုံးအနေဖြင့် ငြိမ်းချမ်းအေးဆေးစွာ နေထိုင်လိုသော ဆန္ဒ
အပါအ၀င် ကရင့်ရိုးရာ အစဉ်အလာတရပ်ကို သိရှိနားလည်အောင် ကြိုးစားဖော်ထုတ် ထိန်းသိမ်းဖို့တိုက်
တွန်း ထားကြောင်း ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းရေးကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ မန်းမျိုးမြင့်
က အခုလို ဖတ်ပြပါတယ်။
"ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် စာပေစကားများကို ဖော်ထုတ်ထိန်းသိမ်း ကာကွယ်သမှုပြုကြပြီး လူ့ အခွင့်ရေး
"ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် စာပေစကားများကို ဖော်ထုတ်ထိန်းသိမ်း ကာကွယ်သမှုပြုကြပြီး လူ့ အခွင့်ရေး
နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို
အခြေခံမည့် တိုးတက်မှုနှင့် လွတ်လပ်မှုကို အခြားလူမျိုးများ ကဲ့သို့
တန်ဖိုးထား
ကာ ငြိမ်းချမ်းအေးငြိမ်းစွာ နေထိုင်လိုသော ဆန္ဒအပါအ၀င်
အခြားကောင်းသော အရာများ ဖော်ပြလိုက်
သောနေ့လည်း ဖြစ်သည်။"
ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ ကရင်တိုင်းရင်းသားတွေ အပါအ၀င် အခြား တိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသားများ
ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ ကရင်တိုင်းရင်းသားတွေ အပါအ၀င် အခြား တိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသားများ
လည်း လာရောက်တာ တွေ့ရပြီး လူပရိသတ်
လေးထောင်ကျော် တက်ရောက်တာကို တွေ့ရပါတယ်။ကရင့်
ရိုးရာ အဆိုအကနဲ့ ခေတ်ပေါ်
ဂီတပွဲတွေ လည်းပါဝင် ဖျော်ဖြေခဲ့ပါတယ်။
RFA (Burmese)
No comments:
Post a Comment