Pages

Pages - Menu

Tuesday, September 25, 2012

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဖားကန့်ဒေသခံတွေ ရဲ့ စုပေါင်းလက်မှတ်ရေးထိုးမှု သောင်းဂဏန်းအထိ ရရှိနေပြီ

Photo: ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်တောင်းဆိုလွှာမှာ ဖားကန့်ဒေသခံတွေ 
ရဲ့ စုပေါင်းလက်မှတ်ရေးထိုးမှု သောင်းဂဏန်းအထိ ရလာပြီဖြစ်ပြီး ဖားကန့်အပြင်  မိုးကောင်း၊ ခန္တီး ၊ နမ္မတီး  စတဲ့ဒေသတွေကပါ ပူးပေါင်း လက်မှတ်ရေးထိုးကြမယ်လို့  (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်  ကိုမင်းကိုနိုင်က  ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကိုပြောပါတယ်။

 "အခုကတော့ သောင်းဂဏန်းရနေပြီပေါ့၊ အဲဒီ့ဒေသလေးဆိုတော့ ဒါ အားရစရာကောင်းပါတယ်၊ မိုးကောင်းတို့ ခန္တီးတို့ နမ္မတီးပါ...အဓိကမှာ နမ္မတီး အဲဒီ့ဒေသတွေကလည်း ဆက်ပြီးတော့ ပူးပေါင်းပါဝင်ကြမယ် ဆိုပြီးတော့ ကျွန်တော်တို့ရောက်တဲ့နေရာတိုင်းမှာ သတင်းပေးပါတယ်၊ အကုန်လုံးက ဆက်စပ်နေတယ်၊ နောက်ဆို ကျွန်တော်တို့ တတ်နိုင်ရင် ကချင်ပြည်နယ်တစ်ခုလုံး၊ ပြည်ထောင်စုတစ်ခုလုံးအတွက်ပါ လုပ်ကြရဦးမှာပါ၊"

လတ်တလောအနေနဲ့  စုပေါင်း လက်မှတ်ရေးထိုးဖို့ ဖားကန့်ဒေသ မှာ နေ့စဉ်လှုပ်ရှားနေကြပြီး အစိုးရဝန်ထမ်းတွေကပါ ပူးပေါင်းပါဝင် လာနေတယ် လို့ သိရပါတယ်။

စုပေါင်း လက်မှတ်ရေထိုးထားတဲ့စာကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကေအိုင်အို တို့ကိုလည်း ပေးပို့မှာဖြစ်ပြီး လာမယ့်နှစ်ပတ်အတွင်း ပေးပို့လိုကြောင်း ကိုမင်းကိုနိုင်ကပြောပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်တောင်းဆိုလွှာမှာ ဖားကန့်ဒေသခံတွေ ရဲ့ စုပေါင်းလက်မှတ်ရေးထိုးမှု
သောင်းဂဏန်းအထိရလာပြီဖြစ်ပြီးဖားကန့်အပြင်မိုးကောင်း၊ခန္တီး ၊နမ္မတီးစတဲ့ဒေသတွေကပါပူးပေါင်း လက်
မှတ်ရေးထိုးကြမယ်လို့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ရန်ကုန်မြို့မှာ ပြု
လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကိုပြောပါတယ်။"အခုကတော့ သောင်းဂဏန်းရနေပြီပေါ့၊ အဲဒီ့ဒေသလေးဆိုတော့ ဒါ အားရစရာကောင်းပါတယ်၊မိုးကောင်း
တို့ ခန္တီးတို့ နမ္မတီးပါ...အဓိကမှာ နမ္မတီး အဲဒီ့ဒေသတွေကလည်း ဆက်ပြီးတော့ ပူးပေါင်းပါဝင်ကြမယ် ဆိုပြီး
တော့ ကျွန်တော်တို့ရောက်တဲ့နေရာတိုင်းမှာ သတင်းပေးပါတယ်၊ အကုန်လုံးက ဆက်စပ်နေတယ်၊ နောက်
ဆိုကျွန်တော်တို့ တတ်နိုင်ရင်ကချင်ပြည်နယ်တစ်ခုလုံး၊ ပြည်ထောင်စုတစ်ခုလုံးအတွက်ပါ လုပ်ကြရဦးမှာပါ၊"

လတ်တလောအနေနဲ့ စုပေါင်း လက်မှတ်ရေးထိုးဖို့ ဖားကန့်ဒေသ မှာနေ့စဉ်လှုပ်ရှားနေကြပြီး အစိုးရဝန်ထမ်း
တွေကပါ ပူးပေါင်းပါဝင် လာနေတယ် လို့ သိရပါတယ်။

စုပေါင်း လက်မှတ်ရေထိုးထားတဲ့စာကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ကချင်
ပြည်နယ် အစိုးရအဖွဲ့၊ ကေအိုင်အို တို့ကိုလည်း ပေးပို့မှာဖြစ်ပြီး လာမယ့်နှစ်ပတ်အတွင်း ပေးပို့လိုကြောင်း ကို
မင်းကိုနိုင်ကပြောပါတယ်။
 
 
RFA (Burmese)

No comments:

Post a Comment