သမ္မတ ဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်အရ ပြည်ပ အခြေစိုက် အဖွဲ့အစည်း တချို့က ခေါင်းဆောင် တွေ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိလာကြပါတယ်။မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး၊ လက်ရှိ မြန်
မာနိုင်ငံဒီမိုကရက်တစ်
အင်အားစု FDB အတွင်းရေးမှူးချုပ် တာဝန်ယူထားသူ ဒေါက်တာနိုင်အောင်၊
NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ မှာ ကုလသမဂ္ဂ ဆိုင်ရာ တာဝန်ခံအဖြစ်တာဝန်ယူခဲ့ဖူးသူ ဒေါက်
တာသောင်းထွန်း နဲ့ NLD (LA)အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် လွတ်မြောက်နယ်မြေမှာ ပြန်ကြားရေးတာ
ဝန်ခံ အဖြစ် တာဝန်ယူခဲ့တဲ့
ဦးညိုအုန်းမြင့်တို့ ဟာ ဒီကနေ့ နေ့လယ်က ထိုင်း လေကြောင်းလိုင်းနဲ့ရန်ကုန်
မြို့ကို ရောက်ရှိလာတာပါ။
သူတို့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ စက်တင်ဘာလလယ် လောက်မှာ တွေ့ဆုံဖို့ ခွင့်ပြုချက် ရထားပြီလို့ သိရပါ
သူတို့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ စက်တင်ဘာလလယ် လောက်မှာ တွေ့ဆုံဖို့ ခွင့်ပြုချက် ရထားပြီလို့ သိရပါ
တယ်။
ရန်ကုန်လေဆိပ် မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဒေါက်တာနိုင်အောင်က - ပြည်ပမှာရှိတဲ့
ရန်ကုန်လေဆိပ် မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဒေါက်တာနိုင်အောင်က - ပြည်ပမှာရှိတဲ့
မြန်မာနိုင်ငံသားတွေ အားလုံးကို
အမည်မဲစာရင်းကနေ ထုတ်ပေးဖို့ လိုအပ်သလို နိုင်ငံရေး အကျဉ်းသားတွေ
ကိုလည်း အကျဉ်းထောင်ထဲမှာ မရှိစေလိုကြောင်း ပြောကြားပါတယ်။
ကိုလည်း အကျဉ်းထောင်ထဲမှာ မရှိစေလိုကြောင်း ပြောကြားပါတယ်။
ယခုလာမယ့် ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံ
အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် FTUB အတွင်းရေးမှူးချုပ် ဦးမောင်မောင်၊
ABSDF ဥက္ကဋ္ဌဟောင်း တစ်ဦး လည်းဖြစ်၊ ရှစ်လေးလုံး ဒီမို
ကရေစီ အရေးတော်ပုံကာလ
ကျောင်းသားခေါင်းဆောင် တစ်ဦးလည်း ဖြစ်တဲ့ ဦးမိုးသီးဇွန် တို့လည်း
မြန်မာ
နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး သူတို့အားလုံးဟာ သမ္မတ ဦးသိန်းစိန်
အပါအဝင် ဝန်ကြီး တစ်ချို့နဲ့ တွေ့ဆုံဆွေး
နွေးဖို့ စီစဉ်ထားတယ်လို့
သိရပါတယ်။
RFA (Burmese)
No comments:
Post a Comment