၎င်း ဆရာမ
နှစ်ဦးကို အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ၏ သြဂုတ်လ ၁၃ ရက်နေ့ရက်စွဲ ဖြင့်
ကျောင်းပြောင်းမိန့် ထွက်လာပြီး နောက်ပိုင်း လက်ရှိ ပညာ သင်ကြားနေသော
ကျောင်းသားများက ယင်းသို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းတို့က ပြောကြားသည်။
ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းတွင် လက်ရှိ ပညာ သင်ကြားနေသူ
ကျောင်းသား ကျောင်းသူပေါင်း ၈၂၀၃ ဦးရှိပြီး၊ ယင်းတို့ထဲမှ အထက်တန်းတွင်
ပညာ သင်ကြားနေသော ကျောင်း
သား၊ ကျောင်းသူ ၁၄၄၅ ဦးက ခန်းလုံးကျွတ်
အတန်းမတက်ခြင်း၊ ကျောင်းတံဆိပ် ပြောင်းပြန်တတ်ခြင်းများကိုလုပ်
ဆောင်ကာ
ဆန္ဒပြခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ ထံက စုံစမ်း သိရသည်။
ဒီဆရာမ နှစ်ယောက်က ကျောင်းအတွက် တစ်ကယ် လိုအပ်ပြီး တစ်ကယ် စေတနာထားပြီး
ဆောင်ရွက်တဲ့ အတွက် မပြောင်းစေချင်ပါဘူး။ ဒီမှာပဲ ဆက်ပြီး
ရှိနေစေချင်ပါတယ်။ကျောင်းပြောင်း
ခံရတဲ့အတွက်လည်း ကျောင်းသား အ
များစုက တော်တော် စိတ်မကောင်း ဖြစ်နေကြပါတယ်။
ဒီအတွက်လည်း နိုင်ငံတော် သမ္မတနဲ့ ပညာရေး ၀န်ကြီးဌာန
ကို အသနားခံစာ
တင်သွားမှာပါ။ ဟု ကျောင်းသူဟောင်း ဖြစ်သူ မကာရံချိုက ဆိုသည်။
ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်း ကျောင်းအုပ် ဆရာမကြီး
ဒေါက်တာဒေါ်မြင့်မြင့်စန်းထံ The Voice Weekly က သွားရောက် မေးမြန်းရာ
ယင်းကိစ္စအတွက် ၎င်းအနေဖြင့် ဖြေကြားလိုခြင်း မရှိကြောင်းပြန်လည် လည် ဖြေကြားသည်။
ဒီဆရာမ နှစ်ဦး ပြောင်းရွှေ့ ခံရတယ်ဆိုတာ ကျုရှင် သင်လို့လို့
ကြားမိတယ်။ကျုရှင်သင်တိုင်းသာ ရွှေ့ရမယ် ဆိုရင် တစ်ကျောင်းလုံး ရွှေ့မှပဲ
ရမယ်.. ဟု ယင်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား မိဘ တစ်ဦးကသူရဲ့ အမြင်ကို ပြောသည်။
No comments:
Post a Comment