Pages

Pages - Menu

Saturday, August 4, 2012

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana ယနေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှာသတင်းစားရှင်းလင်းပွဲပြုလုပ်


Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည့်ဝန်ကြီးများ၊ ဘူးသီတောင်နှင့် စစ်တွေထောင်တို့တွင် ရခိုင်အရေးနှင့် စပ်လျဉ်း၍ ထိန်းသိမ်းထားသည့် ယူအင်န်လက်အောက်ခံအဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုတို့မှ ၀န်ထမ်းများနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများ၊ မွတ်စလင်များနှင့် တွေ့ဆုံခဲ့မှုများ၊ အမြစ်တွယ်နေသည့် အမုန်းတရာများ၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရေး၊ ကြားသိခဲ့ရသောစွပ်စွဲချက်များကို မိမိအနေဖြင့် အချိန်မီ စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ရခိုင်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စွပ်စွဲပြောဆိုချက်များကို လွတ်လပ်စွာစုံစမ်းစစ်ဆေးရန်၊ အဓိကရုဏ်းများဒဏ် ခံစားခဲ့ရသည့် လူအဖွဲ့အစည်းနှစ်ခုလုံးအား ပြန်လည်ထူထောင်ရာတွင် ခွဲခြားမှု မရှိဘဲ ပေါင်းစပ်ထူထောင်ရန်၊ ရခိုင်ဗုဒ္ဓဘာသာဝင်များကြားတွင် ခံစားနေရသည့် ယူအင်န်၊ အိုင်အင်န်ဂျီအိုများ၏ ခွဲခြားဆက်ဆံမှုကို ဖြေရှင်းရန်၊ ယခုခရီးစဉ်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအစိုးရအား ကျေးဇူးတင်ပါကြောင်း အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည့်ဝန်ကြီးများ၊ ဘူးသီတောင်နှင့် စစ်တွေထောင်တို့တွင် ရခိုင်အရေးနှင့် စပ်လျဉ်း၍ ထိန်းသိမ်းထားသည့် ယူအင်န်လက်အေ

ာက်ခံအဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုတို့မှ ၀န်ထမ်းများနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများ၊ မွတ်စလင်များနှင့် တွေ့ဆုံခဲ့မှုများ၊ အမြစ်တွယ်နေသည့် အမုန်းတရာများ၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရေး၊ ကြားသိခဲ့ရသောစွပ်စွဲချက်များကို မိမိအနေဖြင့် အချိန်မီ စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ရခိုင်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စွပ်စွဲပြောဆိုချက်များကို လွတ်လပ်စွာစုံစမ်းစစ်ဆေးရန်၊

အဓိကရုဏ်းများဒဏ် ခံစားခဲ့ရသည့် လူအဖွဲ့အစည်းနှစ်ခုလုံးအား ပြန်လည်ထူထောင်ရာတွင် ခွဲခြားမှု မရှိဘဲ ပေါင်းစပ်ထူထောင်ရန်၊ ရခိုင်ဗုဒ္ဓဘာသာဝင်များကြားတွင် ခံစားနေရသည့် ယူအင်န်၊ အိုင်အင်န်ဂျီအိုများ၏ ခွဲခြားဆက်ဆံမှုကို ဖြေရှင်းရန်၊

ယခုခရီးစဉ်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအစိုးရအား ကျေးဇူးတင်ပါကြောင်း အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 Eleven Media Group

No comments:

Post a Comment