ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခံထားရသော The Voice Journal နှင့် Envoy Journal တို့အား လာမည့် နှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းကို နိုင်ငံတော်သမ္မတရုံးမှ မြန်မာနိုင်ငံသတင်းစာဆရာသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခံထားရသော The Voice Journal နှင့် Envoy Journal တို့အား ပြန်လည်ထုတ်ဝေခွင့်အပြင် သတင်းဂျာနယ်များအား ထုတ်တင်စနစ်သို့ပါ ပြောင်းလဲထုတ်ဝေခွင့်ပြုမည်ဟု ပြောကြားကြောင်း ဖုန်းဖြင့်အကြောင်းကြားခြင်းကို လက်ခံရရှိခဲ့သူ မြန်မာနိုင်ငံသတင်းစာဆရာသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ဝင်က ပြောသည်။
မရှိထုတ်ဝေခွင့်ရပ်ဆိုင်းခံထားရသော ဂျာနယ်တိုက်များသို့သွားရောက်ကာ အားပေးနှစ်သိမ့်ခြင်းအပြင် ရပ်ဆိုင်းခံထားရသော
ဂျာနယ်များနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတထံကန့်ကွက်ကြောင်းစာပါလက်မှတ်ရေးထိုးမှုပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့ ဖုန်းဖြင့် ဆက်သွယ်မေးရာ စာပေစိစစ်ရေးညွှန်မှူးက ၄င်းတို့ထံ
ညွှန်ကြားချက်ရောက်မလာကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်
ညွှန်ကြားချက်ရောက်မလာကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော်
No comments:
Post a Comment