အမေရိကန်
အခြေစိုက် နာမည်ကြီး ဘတ်စကက်ဘော အသင်းတွေဖြစ်တဲ့ NBA ၊ WNBA နဲ့ အမေရိကန်
နိုင်ငံခြားရေးဌာန ပူးပေါင်းစီစဉ်တဲ့ အားကစားသံတမန် အဖွဲ့ဟာ သြဂုတ်လ ၂၆
ရက်နေ့က မြန်မာနိုင်ငံကို
ရောက်ရှိလာခဲ့ပါတယ်။သြဂုတ်လ ၂၆ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ ၆ ရက် ကြာမြင့်မယ့် ဒီခရီးစဉ်မှာ အားကစား သံတမန်တွေ

အဖြစ် အမေရိကန် အဓိက အားကစား အသင်းတွေ
ဖြစ်တဲ့ Charlotte Bobcats ၊ Los Angeles Lakersအသင်း
တွေက နည်းပြဆရာတွေ၊
နာမည်ကြီး အားကစား သမားတွေ လိုက်ပါလာပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား တဦးဖြစ်တဲ့ Charlotte Bobcats အသင်း အထွေထွေမန်နေဂျာ ရစ်ချတ်ချိုလည်း လိုက်ပါလာ ပါတယ်။
အမေရိကန် အားကစား သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်

ချယ်နဲ့အတူ ဒဂုံမြို့နယ်က တော်ဝင်စင်တာမှာ ဘက်စကက်ဘော စိတ်ဝင်စားသူ မြန်မာလူငယ်တွေနဲ့ မနေ
့က တွေ့ဆုံပြီး ဘတ်စကက်ဘော အခြေခံ နည်းစနစ်တွေကို သင်ကြားပေးခဲ့ပါတယ်။
အဲဒီနောက် ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ဒီက

နေ့မှာ အမေရိကန် အားကစား
သံတမန်အဖွဲ့ဟာ မင်္ဂလာ တောင်ညွှန့်မြို့နယ်က သိမ်ဖြူ အားကစားကွင်းမှာ
မြန်မာ့ခြင်းလုံး အားကစားသမားတွေနဲ့ တွေ့ဆုံပြီး မြန်မာ့ ခြင်းခတ်နည်း ကို လေ့လာခဲ့တယ်လို့ သိရပါ

တယ်။
RFA (Burmese)
No comments:
Post a Comment