Pages

Pages - Menu

Monday, August 27, 2012

မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း(MAPCO)က အစုရှယ်ယာများ ကျပ်သိန်းပေါင်းတစ်သောင်းတစ်ထောင်ကျော်ဖိုး ရောင်းရ

မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း(MAPCO)က အစုရှယ်ယာများ စတင်ရောင်းချ
သောန့ (သြဂုတ် ၂၆ ရက်)မှာပင် ကျပ်သိန်းပေါင်းတစ်သောင်းတစ်ထောင်ကျော် ရောင်းချခဲ့ရကြောင်း အဆို
ပါ ကုမ္ပဏီအမှုဆောင် ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။
ရှယ်ယာတစ်ခုလျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချပေးနေသော MAPCO အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာ
ဝယ်ယူရန် စာရင်းပေးထားသူ လေးထောင်ကျော်ရှိပြီး တစ်ရက်လျှင် လူ ငါးရာသာ ရောင်းချပေးလျက်ရှိ
သည်။

အဆိုပါ အများပိုင်ကုမ္ပဏီတွင် ဦးချစ်ခိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး လုပ်ငန်းရှင် ၇၃ ဦးက ကျပ် ၁၀ ဘီလီယံကျော်ဖြင့် မတည်ထားခြင်းဖြစ်သည်။


7days News :

No comments:

Post a Comment