Pages

Pages - Menu

Saturday, August 4, 2012

အရစ်ကျစနစ်ဖြင့် GSM / WCDMA မိုဘိုင်းလ် တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်း များသို့ အသိပေးတင်ပြချက်


၁။    မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် နေပြည်တော် အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး တွင် တာဝန် ထမ်းဆောင် လျက်ရှိသော ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံ့ ဝန်ထမ်းများ အနက်မှ အရစ်ကျ စနစ်ဖြင့် မိုဘိုင်းလ် တယ်လီဖုန်း ကိုင်ဆောင် သုံးစွဲလိုသည့် ဝန်ထမ်းများအား
ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင် ကျပ် လေးသောင်း နှုန်းဖြင့် (၅)ရစ် ပေးချေ သည့် စနစ်ဖြင့် လည်းကောင်း၊ နှစ်သိန်းခွဲတန် WCDMA  မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင်  ကျပ် ငါးသောင်း နှုန်းဖြင့် (၅)ရစ် ပေးချေ သည့်စနစ်ဖြင့် လည်းကောင်း ၂ဝ၁၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လ တို့တွင် (၂)ကြိမ် သုံးစွဲခွင့် ပြုပြီး ဖြစ်ပါသည်။


၂။   မိုဘိုင်းလ် တယ်လီဖုန်းများကို အရစ်ကျပေး ငွေချေ စနစ်ဖြင့် သုံးစွဲနေသည့် နိုင်ငံ့ ဝန်ထမ်းများတွင် အချို့ ဝန်ထမ်း များမှာ ပထမ အရစ်ကို လည်းကောင်း၊ အချို့ ဝန်ထမ်းများမှာ ပထမ အရစ်နှင့် ဒုတိယ အရစ် (၂)ရစ်ကို လည်းကောင်း ပေးသွင်း ကြပြီး ဖြစ်ပါသည်။

၃။   ဝန်ထမ်းများ အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန် နှင့် ပိုမို အဆင်ပြေ စွာဖင့် အရစ်ကျ ပေးသွင်း နိုင်ရေး အတွက် GSM / WCDMA မိုဘိုင်းလ် တယ်လီ ဖုန်းများ အတွက် ဆက်လက် ပေးသွင်းရန် ကျန်ငွေ များကို ၂ဝ၁၂ ခုနှစ် သြဂုတ် ၃၁ ရက်မှ စ၍ မူရင်းလစာ ကျပ် တစ်သိန်း နှင့်အောက် ဝန်ထမ်းများ အနေဖြင့် လစဉ် ၁ဝဝဝဝ ကျပ် (ကျပ် တစ်သောင်း တိတိ) နှုန်း ဖြင့် လည်းကောင်း၊ 

မူရင်း လစာ ကျပ်တစ်သိန်း အထက် ဝန်ထမ်းများ အနေဖြင့် လစဉ် ၁၅ဝဝဝ ကျပ် (ကျပ် တစ်သောင်း ငါးထောင် တိတိ) နှုန်း ဖြင့် လည်းကောင်း  ဆက်လက် ပေးချေ သုံးစွဲ သွားနိုင် ပါကြောင်း လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း

No comments:

Post a Comment