Pages

Pages - Menu

Friday, August 10, 2012

အစ္စလာမ် ဘာသာဝင်များအား ဆန်ရောင်းချသဖြင့် ရခိုင်လူမျိုး တစ်ဦး ပိုင်ဆိုင်သော ဆန်ဂိုဒေါင် မီးရှို့ခံရ


ကျာက်တော်မြို့နယ် လက်ဆောက်ကောက်ကျေးရွာရှိ ရခိုင်လူမျိုး တစ်ဦး ပိုင်ဆိုင်သော ဆန်ဂိုဒေါင်အား ရခိုင်လူမျိုးတစ်ခုမှ သြဂုတ် ၅ရက်နေ့ ည ၁၁နာရီ ခွဲဝန်းကျင်တွင် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းရရှိသည်။ 

ရန်လိုသူ ရခိုင်လူမျိုး တစ်စုမှ  အစ္စလာမ် ဘာသာဝင်များသို့ ဆန်မရောင်း ချရန် ဆန်ဂိုဒေါင် ပိုင်ရှင်အား အစောပိုင်းက သတိပေး ထားသော်လည်း ၄င်းက လူသားချင်းစာနာစိတ်ဖြင့် ဆက်လက်ရောင်းချနေ သဖြင့် ၄င်းပိုင်ဆိုင်သော ဆန်ဂိုဒေါင်အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာနေ မွတ်စလင် တစ်ဦးမှ ပြောပါ သည်။

တဖတ်သတ် မီဒီယာများကနေ ရခိုင်လူမျိုးပိုင်ဆိုင်သော ဆန်ဂိုဒေါင်ကို အစ္စလာမ်ဘာသာဝင်များ မီးရှို့ဖျက်ဆီးသည်ဟုစွပ်စွဲနိုင်ရန် ရခိုင်လူမျိုးများကိုယ်တိုင် ဆန်ဂိုဒေါင်အား အကွက်ဆင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်သည်ဟု ရခိုင်မွတ်စလင် ရေးရာ လေ့လာသူ တစ်ဦးက  ပြောပါသည်။

မွတ်စလင် သတင်းစဉ်

No comments:

Post a Comment