ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်နတ်မြစ်လက်တက် ပြူးမချောင်းမြစ်ကမ်းပါးမှာ မိုးရာသီတွင် နှစ်စဉ်နှစ်တိုင်း
ချောင်း ကမ်းပါးပြိုကျမှုများပြားလာခြင်းကြောင့် ချောင်းတစ်ဖက်တစ်ချက်ရှိ လယ်ယာစိုက်ပျိုးမြေဧကများ လျော့နည်းပျောက်
ဆုံးမှုများ ရှိလာကြောင်းဒေသခံတောင်သူများထံက သိရသည်။
သဘာဝအလျှောက်ချောင်းရေစီးကြောင်း ပြောင်းလဲလာမှုများကြောင့် ချောင်းကမ်းပါးပြိုကျမှုများနှင့်အတူ မင်းကြီးရွာ၊ ကြိမ်
ချောင်း၊စံကားပင်ရင်း၊ ၀က်ကျိန်း၊ ပဒကားဒေ၀ါနာလီ ၊မြ၀တီအစရှိသောကျေးရွာ (၁၀)ရွာခန့်တွင် လယ်ယာမြေဧက ရာနှင့်ချီ
၍ ရေထဲကျပျောက်ဆုံးနေခြင်းဖြစ်ြေ ကာင်း ဒေသခံတောင်သူများ ၏ပြောပြချက်အရသိရသည်။
ယင်းကဲ့သို့လယ်ယာမြေများဆုံးရှု
" လွန်ခဲ့တဲ့ဆယ်စုနှစ်ဝန်းကျင်ေ
ပေ (၂၀)မှပေ(၃၀)အထိ တောင်ပြို တယ်။ ဒီလိုကမ်းပြိုမှုများကြောင့် လယ်ယာမြေဧကများပိုင်ဆိုင်မှု နည်းပါးလာရတာကြော င့် မိ
သားစုစားဝတ်နေရေးအခြေအနေတွေ ယိမ်းယိုင်ကုန်တယ်" ဟု မောင်တေြာေ မာက်ပိုင်းပြူးမချောင်းကမ်း၊ မင်းကြီးကျေးရွာမှကျေး
ရွာ အုပ်ချုပ် ရေးမှုးဦးသန်းဝေကပြောသည်။
ကမ်းပြိုမှုအား ဟန့်တားထိန်းချုပ်နိုင်ရန်အတွက် ထိရောက်သည့်ကမ်းထိန်းနံရံများ တည်ဆောက် ကာကွယ်နိုင်ရန်မြို့နယ်အုပ်
ချုပ်ရေးမှုး၊သက်ဆိုင်ရာမြို့နယ် ဆည်းမြောင်းဦးစီးဋ္ဌာနမှတာဝန်ရှိသူများက ပြီးခဲ့သည့် ဇွန်လအတွင်းက အဆိုပါဒေသ သို့လာ
ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြော င်းကိုလည်း သိရသည်။
ထို့အပြင် သဘာဝဘေးကြောင့် ကမ်းပြိုရာတွင်ပါဝင်ခဲ့သူမြေဧကပိုင်ရှင်များအား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
“ ဆုံးရှုံးမှု အနည်းအများအလိုက် ပေးခဲ့တာပါ၊ တစ်ယောက်မှ အနည်းဆုံးနှစ်သောင်း အများဆုံး သုံးသောင်းပါပဲ”ဟု မင်းကြီးရွာမှ ရွာခံတစ်ဦးကပြောသည်။
ထိုကဲ့သို့ ထောက်ပံ့ကြေးငွေပေးအပ်မှုအားမြိ့နယ်အုပ်ချုပ်ရေးမှူးဦးဆော
ကျင်မှ ဒေသခံရခိုင်လူမျိုးများ (၃၀)ကျော်ရရှိခဲ့ကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။
မြစ်မခသတင်းမီဒီယာ
No comments:
Post a Comment