၂ဝ၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေသစ်တွင် မှတ်ပုံမတင်မနေရပြဌာန်းချက်အရမိမိသဘော ဆန္ဒအလျှောက် မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း သြဂုတ်လ(၁၃)ရက်နေ့တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်
အစည်းဝေးလွှတ်တော်တွင် အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမြင့်သိန်းက ပြောကြားခဲ့သည်။
အလုပ်ရှင်အတည်တကျမရှိသော ပျံကျအလုပ်သမားများအားလူမှုဖူလုံရေးအကျိုးခံစားခွင့် ရရှိစေခြင်းနှင်
့ပတ်သက် ၍သက်ဆိုင်ရာဌာနအနေဖြင့် နည်းလမ်းများ ရှာဖွေဆောင်ရွက် ပေးရန် အစီအစဉ်ရှိမရှိစသည့် 
ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးအောင်ဆန်း၏ မေးမြန်းချက် အပေါ်တွင်ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။
လူမှုဖူလုံရေးဥပဒေအသစ်အရ ပျံကျအလုပ်သမားများသည် အလုပ်ရှင်နှင့် အလုပ်သမားထည့်ဝင်ကြေးနှစ်
မျိုးလုံးကို မိမိတို့ပေးသွင်းမှသာလူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ခံစားရမည်ဖြစ်ကြောင်းဦးမြင့်သိန်းက
ဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးပြဌာန်းခဲ့ပြီးနောက်နှစ်ပေါင်း (၆၅) နှစ်ကြာ လူမှုဖူလုံရေးဥပဒေအား ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ထို လူမှုဖူလုံရေး ပြဌာန်းချက်တွင် အာမခံစနစ် (၂)မျိုးသာရှိခဲ့ရာ
ဥပဒေသစ်တွင်မူ အာမခံစနစ် (၆)မျိုးပါဝင်မည်ဖြစ်ပြီး ပင်စင်စားများအားဆေးဝါးကုသပေးခြင်း၊ သဘာဝ ဘေး ထိခိုက်နစ်နာမှုများကို ထောက်ပံ့ပေးခြင်း၊အလုပ်လက်မဲ့ ထောက်ပံ့ကြေးပေးခြင်း စသည့် စနစ်များပါရှိပြီးဖြစ်သော်လည်းပျံကျဈေးသည်များအတွက်မူ ဥပဒေသစ်တွင် မပါရှိသဖြင့် ထပ်မံ
ဆွေးနွေးခြင်းဖြစ်သည်။
'အလုပ်ရှင်အတည်တကျမရှိတဲ့ အလုပ်သမားတွေ ဆိုက်ကားသမားလို လူမျိုးတွေနောက်တစ်ခါ ကိုယ်ပိုင်အ
လုပ်လုပ်နေတဲ့ ရှေ့နေတွေ ဆရာဝန်လေးတွေအလုပ်ရှင်လဲ သူတို့ အလုပ်သမားလဲ သူတို့ဆိုတဲ့လူတွေ
လည်းအကျိုးခံစားခွင့်ရှိပါတယ်။' ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ဥက္ကဌ၊ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင် က ပြောကြားသည်။
အလုပ်ရှင်မရှိသည့် အလုပ်သမားများသည် အလုပ်ရှင်ထည့်ဝင်ရမည့်ကြေးနှင့်အလုပ်သမားထည့်ဝင်ရမည့်
ကြေး နှစ်ခုပါ ပူးတွဲ ထည့်သွင်းရမည်ဖြစ်ပြီးလူမှုဖူလုံရေး အကျိုးခံစားခွင့်ကို အများနည်းတူခံစားခွင့်ရှိမည်ဟု
ဦးယုလွင်ဆောင်က ဆက်ပြော သည်။
'ကျွန်တော်တို့လို အလုပ်ရှင် မရှိတဲ့ အခြေခံလူတန်းစားဆိုက်ကားသမားတွေအတွက်ပါ စဉ်းစားပေးတယ် ဆို
တော့ ကောင်းပါတယ်။ ဥပဒေသစ်မှာဒါမျိုးပါတယ်ဆိုတော့ ကျွန်တော်တို့ ပိုက်ဆံသွင်းနိုင်ရင်လူမှုဖူလုံရေးအ
ကျိုး ခံစားခွင့် ကျွန်တော်တို့လည်း ရတော့မစိုးဘူးလို့ပြောလို့ရပါတယ်။' ဟု ဆိုက်ကားဆရာတစ်ဦးဖြစ်သူ ကို
သက်နိုင်ကပြောသည်။
ရှုမဝအောင်(မြစ်မခ)
No comments:
Post a Comment