Pages

Pages - Menu

Thursday, August 16, 2012

မြန်မာနိုင်ငံက ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံ တင်မည်

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလမ်ဘာသာဝင် နိုင်ငံများအဖွဲ့ OICညီလာခံက မြန်မာ
နိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလမ်ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က “မြန်မာအာဏာပိုင်တွေအနေနဲ့ ရခိုင်
ပြည်နယ်က ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တိုက်
ခိုက်မှုတွေ ဆက်လက်ရှိနေတာတွေကို ရှုံ့ချကြောင်း” ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ

တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။


RFA (Burmese)

No comments:

Post a Comment