Pages

Pages - Menu

Tuesday, August 21, 2012

ရန်ကုန် ဗိုလ်ချုပ် အောင်ဆန်းဈေးအနီး နိုင်ငံတကာ ကုန်တိုက် ဖွင့်လှစ်မည်

 
ရန်ကုန်၊သြဂုတ်၂၁ရန်ကုန်မြို့၏အသည်းနှလုံးနေရာတွင်တည်ရှိသည့် ကိုလိုနီ ခေတ်လက်ရာများဖြင့်
ဆောက်လုပ်ထားသောဗိုလ်ချုပ်အာင်ဆန်းဈေးအနီးတွင် နိုင်ငံတကာတွင် ဖွင့်လှစ်ထားသည့် ကုန်တိုက်ကြီး တစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း FMI ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကုန်တိုက်သည် မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ကုန်တိုက်ပေါင်း ၅၄ ခု ဖွင့်လှစ်
ထားပြီး အရှေ့ တောင်အာရှ အခြေစိုက် Parkson Retail Asia Limited ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်
ငံ  ဗိုလ်ချုပ်ဈေး အနီးရှိ FMI Center တွင်ဖွင့်လှစ်သွားမည် ဖြစ်ပြီး သိရသည်။

အဆိုပါ Parkson ကုန်တိုက်ကို ၂၀၁၃ ခုနှစ် မတ်လပိုင်း၌ ရန်ကုန်မြို့ ရှိ FMI Center တွင် ဖွင့်လှစ်သွားမည်
ဖြစ်ကြောင်း၊ ယင်းကုန်တိုက် ဖွင့်လှစ်ရန်အတွက် Yoma Strategic Holding Co., Ltd. ၊ Parkson retail Asia Limited ၊ Parkson Myanmar နှင့် FMI Co.Ltd. တို့က ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် သဘောတူ
ညီမှု စာချုပ် လက်မှတ်ရေးထိုပြီး ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

ယင်း ကုန်တိုက်ကို Parkson Myanmar မှ ၇၀ ရာခိုင်နှုန်း၊ Yoma Strategic Holdings နှင့် FMI ကုမ္ပဏီတို့က ၂၀ ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်ကြောင်း သိရသည်။
 
 
  The Voice Weekly

No comments:

Post a Comment