မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား (၄၂) ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် ရွေးချယ်ပြီး စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံ ဖို့ရှိတယ်လို့ RFA
က စုံစမ်းသိရှိရပါတယ်။ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ
စုပေါင်းဖွဲ့စည်းထားတဲ့ ကလေးစစ်သား ပပျောက်ရေး
ဆိုင်ရာ
အထူးလုပ်ငန်းအဖွဲ့ရှေ့မှောက်မှာ ကလေးစစ်သားတွေကို အပ်နှံမှာဖြစ်ပြီး၊
အလုပ်အကိုင်ရရှိရေးအ
ပါအ၀င် ရှေ့ရေးကိစ္စတွေကိုပါ
စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့
ချုပ်
ရန်ကုန်ရုံး စီမံကိန်းအရာရှိ ဦးချစ်တင်က RFA ကို အတည်ပြု ပြောဆိုပါတယ်။
ILO နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ်ဟာ အသက် ၁၈ နှစ်မပြည့်ခင် တပ်မတော်သားအဖြစ် စုဆောင်း ခံ
ILO နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ်ဟာ အသက် ၁၈ နှစ်မပြည့်ခင် တပ်မတော်သားအဖြစ် စုဆောင်း ခံ
ရသူတွေကို ကလေးစစ်သားအဖြစ် သတ်မှတ်ထားပြီး၊
ကလေးစစ်သားတွေရှိတဲ့ တပ်မတော် တပ်ရင်း၊ တပ်
ဖွဲ့တွေက အကြီးဆုံး
တာဝန်ရှိသူတွေကို စစ်စည်းကမ်း ဥပဒေအရ တရားစွဲ အရေးယူဖို့ရှိကြောင်း
တပ်မ
တော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က
ပြီးခဲ့တဲ့ မေလအတွင်းအမိန့်စာထုတ်
ပြန်ခဲ့တယ်လို့ ဦးချစ်တင်က ပြောပါတယ်။
တပ်မတော်နဲ့ အိုင်အယ်အို တာဝန်ရှိသူတွေဟာ လာမည့် ၂၀၁၅ ခုနှစ် မတိုင်မီ ကလေးစစ်သားနဲ့ အဓမ္မလုပ်
တပ်မတော်နဲ့ အိုင်အယ်အို တာဝန်ရှိသူတွေဟာ လာမည့် ၂၀၁၅ ခုနှစ် မတိုင်မီ ကလေးစစ်သားနဲ့ အဓမ္မလုပ်
အားပေးခိုင်းစေမှုတွေ ပပျောက်ရေးကိစ္စကို သဘောတူ
လက်မှတ်ရေးထိုးထားတဲ့ အတွက်နောင်မှာလည်း
စစ်တပ်ထဲမှာ ကျန်နေသေးတဲ့ ကလေးစစ်သားတွေကို မိသားစုထံ ထပ်မံအပ်နှံသွားဖို့ ရှိကြောင်း သိရပါ
တယ်။
၂၀၀၇ ခုနှစ်ကနေ အခုအချိန်ထိ ကလေးစစ်သား ၅၀၀ ကျော်ကို တပ်မတော်ကနေ ပြန်လည် နှုတ်ထွက်ခွင့်
၂၀၀၇ ခုနှစ်ကနေ အခုအချိန်ထိ ကလေးစစ်သား ၅၀၀ ကျော်ကို တပ်မတော်ကနေ ပြန်လည် နှုတ်ထွက်ခွင့်
ပေးထားပြီး ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတစ်ချို့ရဲ့
ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရ သိ
ရပါတယ်။
RFA (Burmese)
No comments:
Post a Comment