Pages

Pages - Menu

Sunday, August 26, 2012

ကေအိုင်အေတပ်ဖွဲ့များ တနိုင်းမြို့ပေါ်တွင် အရပ်သားယောင်ဆောင်၍ သွားလာလှုပ်ရှားနေ

 
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်နေရာတွေ မှာ ကေအိုင်အေတပ်မဟာ () မှ အဖွဲ့ ၀င်များ အရပ်ဝတ်များ ၀တ်ဆင်ကာ လှုပ်ရှားသွားလာလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။
တနိုင်းမြို့ပတ်ဝန်းကျင်နဲ့  တနိုင်းမြို့မှာရှိတဲ့ ()မိုင်စခန်း၊ လမုန်းစခန်းတွေရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့် သတင်းရယူခြင်းတွေ ပြုလုပ်လျှက်ရှိပြီး ညအချိန်တွေမှာ ကျေးရွာ၊ ရပ်ကွက်များအတွင်းရှိ ၎င်းတို့နဲ့ ခင်မင်ရင်းနှီးတဲ့ အိမ်တွေ ၊ တည်းခိုခန်းတွေမှာ နေထိုင်လျက်ရှိတယ်လို့ တနိုင်းမြို့ ဒေသခံ တစ်ဦးမှ ပြောသည်။
 
ဒေသခံတွေအနေနဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ တိုက်ပွဲများနဲ့ မြို့ပေါ်တွေ မှာ ဖောက်ခွဲ ဖျက်ဆီးမှုတွေကြောင့် ယခုလို မငြိမ်းချမ်းစဉ်ကာလအတွင်း မြို့ပေါ်မှာရှိတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဧည့်စာရင်းလိုက်လံစစ်ဆေးခြင်းနဲ့ ရပ်ကွက်များအတွင်း လူစိမ်းတွေဝင်ရောက် တည်း ခိုနေထိုင်နေမှုအား သက်ဆိုင်ရာ အာဏာပိုင်မျာထံ အကြောင်းကြားသင့်တယ်လို့ ပြောဆိုလျက်ရှိပါတယ်။
 
 ကချင် daily

No comments:

Post a Comment