Pages

Pages - Menu

Friday, August 24, 2012

စီမံခန့်ခွဲမှု ကောင်းမွန်၍ ဘားအံရေဘေးဒုက္ခသည်များ သက်သာ

ဓာတ်ပုံ-မြတ်စုမွန်

သံလွင်မြစ်ရေ မြင့်တက်မှုနှင့် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် ကရင်ပြည်နယ် ဘားအံ
မြို့တွင် ဇူလိုင်လ နောက်ဆုံးပတ်မှ သြဂုတ်လလယ်အထိ ရေကြီးရေလျှံ သဘာဝဘေးဒုက္ခတို့နှင့် ကြုံတွေ့
နေ ရသည်။

ကရင်ပြည်နယ်သည် ပုံမှန်အားဖြင့် မိုးများသောဒေသဖြစ်ပြီး ယခင်က ဘားအံမြို့တွင် သုံးနှစ်လျှင်တစ်ကြိမ်
သာ ရေဘေးဒုက္ခ ကြုံတွေ့ရသော်လည်း ယခုနောက်ပိုင်းကာလများတွင် နှစ်စဉ်ကြုံတွေ့လာရ ကြောင်း ဒေ
သခံများက ပြောသည်။

ဘားအံမြို့တွင် သံလွင် မြစ်၏ စိုးရိမ်ရေမှတ်သည် ၇၅၀ စင်တီမီတာဖြစ်ပြီး သြဂုတ်လအတွင်း ၈၈၆ စင်တီမီ
တာအထိ မြင့် တက်ခဲ့ရာ မြို့ပေါ်ရပ်ကွက်လေးခု နှင့် ကျေးရွာတစ်ခုမှ လူဦးရေ ငါး ထောင်ကျော်သည် ၎င်း
တို့ နေအိမ်များကို စွန့်ခွာကာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ခိုလှုံခဲ့ရသည်။

ဘားအံမြို့ပေါ်တွင် ဇူလိုင် ၂၉ရက်မှစတင်ကာ ရေဘေးကယ်ဆယ်ရေး စခန်းရှစ်ခုနှင့် လှာကာကျေးရွာတွင် သုံးခုဖွင့်လှစ်ခဲ့ကာ ဒုက္ခသည်စုစုပေါင်း ၅၁၁၅ ဦးရှိခဲ့သည်။ ယနေ့သြဂုတ် ၂၀ရက် မိုးလေ၀သနှင့် ဇလဗေဒ
မှတ်တမ်းအရ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် လက်မ၀က်ပြန်လည်ကျဆင်းလာပြီဖြစ်ရာ အန္တ
ရာယ်မှတ်အောက် လျော့နည်းသွား ပြီဖြစ်ကြောင်း   ယင်းဌာနမှသိရ သည်။

ထို့ကြောင့် ကယ်ဆယ်ရေး စခန်းများအနက်အချို့ကို ပြန်လည်ရုပ်သိမ်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရေဘေးဒုက္ခကြောင့် ကယ် ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ နေထိုင်ရသည့် အခက်အခဲများ ရင်ဆိုင်ခဲ့ရ
သော်လည်း   ကယ် ဆယ်ရေး အကူအညီရရှိမှုမှာ များ စွာအဆင်ပြေကြောင်း  ဒေသခံ ရေဘေးဒုက္ခသည်
များကပြောသည်။

ဘားအံမြို့ လှကမျှင်လမ်း တွင် နေထိုင်သည့် ဦးဇော်ဝင်း ထွန်းက ''ဒီမှာနေရတာ ကိုယ့်အိမ် မဟုတ်တာက
လွဲရင် အဆင်ပြေ ပါတယ်။ ဆန်၊ ဆီ၊ ဆား၊ အ၀တ် အထည်နဲ့ ခေါက်ဆွဲခြောက်၊ ကြက်ဥ နေ့တိုင်းရတယ်"ဟု
 ပြောသည်။

ဘားအံမြို့သည် နှစ်စဉ်ရေ ဘေးဒုက္ခ တွေ့ကြုံရသည့် အခြေအနေများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ
အတွက် ကြိုတင်ပြင် ဆင်နိုင်သည့် အားသာချက်များ ရှိလာကြောင်း ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးကပြော
သည်။

'မနှစ်ကစပြီး ကယ်ဆယ် ရေးလုပ်ငန်းတွေကို စနစ်တကျ လုပ်လာတယ်။ အရင်တုန်းကဆို ရင် ရေမြုပ်လာ
ရင် လူတွေက ဘုန်း ကြီးကျောင်းတို့ ဘုရားတန်ဆောင်း တို့မှာ သူတို့ဘာသာသူတို့  ပြောင်း ရွှေ့နေထိုင်ကြ
တယ်။ အိမ်တွေ မြုပ်နေတာတောင် တချို့မပြောင်းကြဘူး။လူတွေအုပ်စုဖွဲ့ပြီး နေကြတဲ့ နေရာဖြစ်လို့ ၀မ်း
ပျက်ဝမ်းလျှော ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ် အောင် စနစ်တကျလုပ်ရတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ
အ တွက် သုံးစွဲဖို့ ဘတ်ဂျက် ဆွဲထား တာမျိုး မရှိပေမယ့် ပြည်နယ်အစိုး ရအဖွဲ့က မတည်ပြီးတော့ ကယ်
ဆယ်ရေးလုပ်ငန်းတွေ လုပ်တယ်" ဟု ခရိုင်အုပ်ချုပ်ရေးမှူးကပြောသည်။

မြို့ပေါ်ရပ်ကွက်ရှိ ကယ် ဆယ်ရေးစခန်းများတွင် ရေဘေး ဒုက္ခသည်များ၏ ကျန်းမာရေး ကျောင်းနေအရွယ် ကလေးငယ် များအတွက်  ပညာရေးနှင့် လုံခြုံ ရေးတို့အတွက် ကဏ္ဍများခွဲကာ စနစ်တကျ နေရာချထား
သည်ကို တွေ့ရသည်။ မြို့ပေါ်ရှိ အမက (၁) ထန်းတောကျောင်းသည် ရေကြီးနစ်မြုပ်မှုကြောင့် တစ်လနီးပါး
ခန့် ကျောင်းပိတ်ထားခဲ့ရ သည်။ ကျောင်းနေအရွယ် ကလေးငယ်များအတွက်  ကယ်ဆယ်ရေး စခန်းများ
တွင် ရောက်ရှိနေသော် လည်း ဆက်လက်ပညာသင်ကြား နိုင်ရန် နီးစပ်ရာ ကျောင်းများ၌ ခေတ္တအစားထိုး ပညာဆက်လက် သင်ကြားနိုင်ရန် စီစဉ်ပေးထား သည်ကို တွေ့ရသည်။

ကယ်ဆယ်ရေးစခန်းအချို့ တွင်    ၀မ်းသွားသူအချို့နှင့် သွေးလွန်တုပ်ကွေး သံသယရှိသူ အချို့ကို တွေ့ရ
သော်လည်း စိုး ရိမ်ဖွယ်အခြေအနေ မရှိကြောင်း ကြားတောရ   ဘုန်းတော်ကြီး ကျောင်း ရေဘေးကယ်ဆယ်
ရေး စခန်းမှ တာဝန်ကျ ကျန်းမာရေး ၀န်ထမ်းတစ်ဦးက ပြောသည်။

'ဒီနှစ် ကယ်ဆယ်ရေးလုပ် တာတွေက ဘာမှပြောစရာကို မရှိ ဘူး။ ထောက်ပံ့ရေးပစ္စည်းတွေ တော်တော်များ
များရတယ်။ ကယ် ဆယ်ရေးစခန်းမှ အိမ်ပြန်လာ တော့ စားစရာဆန်တွေတောင် ပြန်ပါလာတယ်။ ကျွန်မ
တော့ ကယ်ဆယ်ရေးစခန်းမှာ ရက် နှစ်ဆယ်လောက် နေရတယ်။ အလှူရှင်တွေလာပေးတဲ့ ကယ်ဆယ် ရေး
ပစ္စည်းတွေကို သူတို့ မျက်စိရှေ့မှာပဲ အကုန်ပြန်ဝေပေးတယ်။ ကြားထဲမှာ ပျောက်သွားတာမျိုးဆို တာမရှိဘူး
"ဟု ဆယ်အိမ်စုရပ် ကွက်မှ    မရင်ရင်အေးက  ပြော သည်။

ဘားအံခရိုင်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှ သြဂုတ်လ ယခု ချိန်ထိ ရေလွှမ်းမိုးမှုကြောင့် စပါးစိုက်ဧက သုံး
သောင်းနီးပါး ပျက် စီးထိခိုက်ခဲ့ကြောင်း ခရိုင်အုပ်ချုပ် ရေးမှူးထံမှ သိရသည်။ စပါးခင်း များ ပျက်စီးဆုံးရှုံး
သွားသည့် တောင်သူများအား ပြည်နယ်အ စိုးရက အရန်မျိုးစပါး၊ သွင်းအား စုဖြစ်သည့် မြေသြဇာများပံ့ပိုး
 ခြင်း၊ စက်ကိရိယာများဖြင့် အခမဲ့ပြန်လည်ထွန်ယက်ပေးခြင်းများ ကို ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိ ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ထို့အပြင် ၁၉၆၆ မှ ၂၀၁၁ ခုနှစ်အထိ ၄၆ နှစ်တာကာလ မှတ်တမ်းများအရ သြဂုတ်လနှင့် စက်တင်ဘာလ
သည် မြစ်ရေကြီးမှု ဖြစ်ပွားချိန်များသောလများ ဖြစ်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ တွင် သံလွင်မြစ်ရေ မြင့်တက်မှု၊ ရေလွှမ်းမိုးမှုများနှင့် ပတ်သက်၍  ပြည်နယ်မိုး
လေ၀နှင့် ဇလဗေဒ ဦးစီးမှူး ဦးလှထွန်းက ''ဒီအချိန် က အထက်ပိုင်းမှာ မိုးများတယ်။ မော်လမြိုင်နဲ့ ကျိုက္ခမီ
ဘက်မှာ ရေ တက်ချိန်ဖြစ်နေတယ်။ မိုးဇလက လည်း သြဂုတ်လအတွင်း တစ် ကြိမ်မြစ်ရေတက်နိုင်တယ်လို့ ခန့် မှန်းထားတယ်။ အခုတော့ တက် ပြီးသွားပြီ။ လာမယ့် စက်တင်ဘာ ပထမပတ်မှာ မိုးများနိုင်မယ်။

စက်တင်ဘာလထဲမှာပဲ မြစ်ရေ ကြီးမှု ဖြစ်နိုင်တယ်"ဟု ပြော သည်။

ဘားအံမြို့တွင် လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်သည် သံလွင်မြစ်ရေ ၉၃၆ စင်တီမီတာအထိ တက် ရောက်ခဲ့ပြီး စံ
ချိန်အမြင့်အဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဘားအံမြို့သည် ရေလွှမ်းမိုး မှု အတွေ့အကြုံများစွာ ရရှိထား ပြီးဖြစ်ရာ ယခုကဲ့သို့ ရေလွှမ်းမိုး မှုကာလများ
အတွက် ကယ်ဆယ် ရေးစခန်းများ အဆင်သင့်ကြိုတင်ပြင်ဆင်ထားသည့် အလေ့အကျင့်လည်း ရနေပြီဖြစ်
ကြောင်း ကရင် ပြည်နယ် လူမှုရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''မနှစ်က ရေဘေးတုန်းက အလှူရှင်တွေလာလှူလို့ ပိုတဲ့ ရန်ပုံငွေကို မြန်မာ့စီးပွားရေး ဘဏ်မှာ အပ်ထား
တယ်။ ဒီနှစ် ရေဘေးလည်းဖြစ်ရော ဌာနဆိုင် ရာတွေနဲ့ အလှူရှင်တွေက လှူဖို့ အဆင့်သင့် မဖြစ်ခင်က
တည်းက အပ်ထားတဲ့ ပိုက်ဆံတွေနဲ့ စီမံခန့်  ခွဲပြီး သုံးရတယ်"ဟု ကရင်ပြည် နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး  ဦးတင်မောင်အေးက ပြောသည်။

''ကျွန်မတို့အတွက်တော့ ရေ ကြီးတယ်ဆိုတာ ငယ်ငယ်လေးတည်းက ကြုံနေရတာ။ ကယ်ဆယ်ရေးစခန်းကို
နှစ်တိုင်းပြေးရတယ်။ အခု ရေနည်းနည်းပြန်ကျလို့ အိမ်ပြန်လာပြီ။ စက်တင်ဘာမှာရေကြီးဦးမယ်ဆိုရင်
လည်း ကယ်ဆယ်ရေးစခန်းကို ပြန်ပြေးရဦးမှာပဲ။ သိပ်ဒုက္ခရောက်တယ်လို့ မထင်တော့ဘူး"ဟု ဆယ်အိမ်စု
ရပ်ကွက် မှ ၃၉ နှစ်အရွယ် မရင်ရင်အေး ကပြောသည်။

ဘားအံမြို့တွင် တစ်လနီးပါးရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသူများအတွက် ကြားတောရ ဘုန်းကြီး ကျောင်း၊ မိုးလုံ
လေလုံအားကစားခန်းမ၊ အစ္စလာမ်ပရဟိတကျောင်း၊ရွှေ ရင်မျှော်ဘုရား၊ အောင်သံလွင် အားကစားကွင်း၊ ပရဟိတဘုန်း တော်ကြီးကျောင်း၊ အထက(၃) ကျောင်းအားကစားရုံနှင့် အမက (၃) စာသင်ကျောင်းတို့တွင်
 ရေ ဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ဘားအံ မြို့နယ် လှာကာကျေးရွာတွင် ကူး စိပ်ဘုန်းကြီးကျောင်း၊ အမက(၁)၊ အမက(၂)တို့တွင် ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ခဲ့သည်။

ယခုလက်ရှိအခြေအနေတွင် လှာကာကျေးရွာရှိ ရေဘေးကယ် ဆယ်ရေးစခန်းများနှင့် မြို့ပေါ်ရှိ ရေဘေး
ကယ်ဆယ်ရေးစခန်း ရှစ်ခုအနက် သုံးခုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။


-မြတ်စုမွန်၊ ချယ်ရီမြင့်(7days News)

No comments:

Post a Comment