မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ နိုင်ငံတကာ ကလေးပန်းချီပြပွဲကို
မန္တလေးမြို့ ၆၉လမ်းနဲ့၃ရလမ်းထောင့် မှာရှိတဲ့ DREAMLAND ART STUDIO
ပြခန်းမှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။ သြဂုတ်လ၁၆ရက်နေ့ အထိ
(၅)ရက်ကြာပြသသွားမှာဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့်ရှ်၊
မွန်ဂိုလီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ၊ မြန်မာစတဲ့ နိုင်ငံအသီးအသီးက
ကလေးငယ်တွေရဲ့ ပန်းချီကားလက်ရာ
့ပေါင်း (၅၀၀) ကျော်ခင်းကျင်း ပြသ ထားတယ်လို့
သိရပါတယ်။
မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်တာကြောင့် ဒီလိုပြပွဲမျိုးတွေကို တခြား
မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်တာကြောင့် ဒီလိုပြပွဲမျိုးတွေကို တခြား
နယ်မြို့တွေမှာပါ ကျင်းပသွားမယ်လို့ ပြပွဲစီစဉ်သူ ပန်းချီပညာရှင်
ဆရာစူးမြင့်သိန်းက RFA ကို ပြောပါတယ်။
ဒီကနေ့ ပြပွဲကို မြန်မာမှုဒီဇိုင်းသုတေသီဆရာဦးအေးမြင့်၊ ပံသုစန္ဒာပန်းချီသင်တန်းဆရာမဒေါ်ချိုချိုအောင်၊ ပန်းချီခိုင်ထွန်းစတဲ့နာမည်ရ ပန်းချီဆရာတွေ၊ မန္တလေးခံပန်းချီပညာရှင်တွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသူကျောင်းသားတွေအပါအ၀င် ပရိသက် (၂၀၀) လောက် တက်ရောက်ခဲ့ကြပါတယ်။
ဒီပြပွဲကိုကျောင်းသား၊ကျောင်းသူ၊ကလေးငယ်တွေကျုယ်ကျယ်ပျံ့ပျံ့သိရှိရေးအတွက့်  အစိုးရကျောင်းအား

လုံးကို ဖိတ်ကြား ထားတယ်လို့ လည်း
ဆရာစူးမြင့်သိန်းကပြောပါတယ်။
RFA (Burmese)
No comments:
Post a Comment