ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တခုကို
ရန်ကုန်မြို့ ပြည်လမ်းမ ရှိ တော်ဝင်စင်တာတွင် ယနေ့ သြဂတ်စ်လ ၂၅ရက်နေ့တွင် ကျင်းပ ခဲ့သည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ယက်က ဦးဆောင်းပြီး ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။
“ ကျနော်တို့ ဒီပွဲဖြစ်မြောက်ဖို့အတွက် အခက်အခဲတွေ အများကြီး
ကြုံခဲ့ရပါတယ်။ ဒီလို ကြားထဲက အခုလို အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက်
အတိုင်းမသိ ပျော်ရွင်မိပါတယ်။ လာရောက်အားပေးကြတဲ့ လူတွေ အများကြီး တွေ့ရတဲ့
အတွက်လည်း ပီတိဖြစ်မိပါတယ်” ဟု ဦးဆောင်သူ လူငယ်တဦး က ပြောသည်။
၎င်းဈေးရောင်းပွဲတော်တွင် သီဆိုဖျော်ဖြေပွဲများလည်း ပါဝင်ပြီး
အဆိုတော်များနှင့် တခြားလူငယ် များကလည်း ငြိမ်းချမ်းရေး သီချင်းများအပါအ၀င်
တခြားသီချင်းများနှင့် ဖျော်ဖြေခဲ့ကြသည်။
ထို့အပြင် အစားအသောက်များ၊ ဓာတ်ပုံများ၊ ပန်းချီကားချပ်များ၊ အမှတ်တရ
လွယ်အိတ်များနှင့် တခြားအမှတ်တရ ပစ္စည်း အများအပြားကို လည်း ရန်ပုံငွေအတွက်
ပြသရောင်းချခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်း လာရောက် လည်ပတ်အားပေးခဲ့ပြီး မိန့်ခွန်းစကားပြောကြားခဲ့သည်။
“ ကျနော်တို့ ထောင်ထဲမှာတုန်းက ကြားခဲ့ရသလို လူငယ်တွေဟာ ဂိမ်းဆော့မယ်၊
နိုင်ငံခြားသွားမယ်၊ အပျော်အပါးလိုက်စားမယ်ဆိုပြီး ကြားခဲ့ရတယ်။ ဒါပေမယ့်
အဲဒီတုန်းက ကြားခဲ့ရသ လိုမျိုးမဟုတ်ဘူးဆိုတာကို အခုလို လူငယ်တွေက
ကိုယ့်ဟာကို ထိုးဖောက်ပြီး အလုပ်နဲ့ သက်သေပြလိုက်ပါပြီ” ဟု
ကိုမင်းကိုနိုင်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆို သွားခဲ့သည်။
အဆိုပါ ဈေးပွဲတော်ကို မနက် ၉နာရီမှ ည ၉နာရီအထိ တော်ဝင်စင်တာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Narinjara Media
No comments:
Post a Comment