မိုးထိမိုးမိဒေသတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှဖောက်ဖျက်သော စာချုပ်ပါ စည်းကမ်းများအာ
မန္တလေးတိုင်း သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးစိုးမြင့်မှ ဒုတိယအကြိမ် လာရောက်ဖြေရှင်းပေးမည်ဟု ရွေ
လုပ်သားများထံက သိရှိရသည်။
“ဝန်ကြီးအနေနဲ့ကုမ္ပဏီ စာချုပ်ပါစည်းကမ်းတွေကိုဖောက်ဖျက်တာ လက်မခံဘူး၊ဈေးသည်တွေနဲ့ဆိုင်ကယ်
ကယ်ရီသမားတွေကို တားမြစ်ထားတာကိုလည်း လက်မခံဘူး ဝန်ကြီးက ဒီလ(၁၈)ရက်နေ့နောက်ပိုင်း
လာပြီး ညှိနှိုင်းပေးမယ်လို့ ပြောတယ် ’’ ဟုသွားရောက်တွေ့ဆုံခဲ့သော ရွှေလုပ်သားခေါင်းဆောင် ဒေါ်သနာ
အောင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ဇွန်လ(၁၄)ရက်နေ့ ရမည်းသင်းမြို့နယ် ရွှေမြင်တင်တောင်ခြေ တွင်ဝန်ကြီးဦးစိုး
မြင့်က ပထမအကြိမ်တွေ့ဆုံဖြေရှင်းပေးခဲ့ကြောင်းသိရသည်။
ဗြုန်းကြိတ်စက်(ရွှေကြိတ်စက်)များအား လည်ပတ်ရမည်ဟု ကုမ္ပဏီက ကတိပေးခဲ့သော် လည်း ဗြုန်းကြိတ်
စက်အချို့မလည်ပတ်ရသောကြောင့် ၄င်းစက်များအား မှီခိုနေသော အလုပ်သမားများ၏ စားဝတ်နေရေး
ကြပ်တည်းနေရကြောင်း သိရှိရသည်။
“ တောင်ပေါ်မှာရှိတဲ့သူတွေ အကုန်လုံး စားဝတ်နေရေးကြပ်တည်းနေရတယ်။ ကုမ္ပဏီကလည်း စည်းကမ်း
ချက်တွေခဏခဏထုတ်တယ၊် တရားဝင်စာရွက်စာတန်းနဲ့မထုတ်ဘူး ဗီနိုင်းနဲ့ပဲချိတ်တယ် သူတို့စည်းကမ်း
ချက်တွေ မလိုက်နာရင် အင်းတွေပိတ်မယ်လို့တောင် ပြောတယ်ဟုရွှေလုပ်သားတစ်ဦးက ဆိုသည်။
ကုမ္ပဏီမှထုတ်ပြန်သော စည်းကမ်းချက်များသည် ရွှေလုပ်သားများနှင့် ကိုက်ညီမှုမရှိ ကြောင်း ဗြုန်းကြိတ်
စက်ပိုင် အချို့ကဆိုသည်။
ရွှေလုပ်သားများသည် ရွှေလုပ်သားသမဂ္ဂဖွဲ့စည်းပြီး စာချုပ်ပါစည်းကမ်းဖောက်ဖျက်ခဲ့သော အမျိုးသားကြီး
ပွားတိုးတက်ကုမ္ပဏီအား သမ္မတကြီးနှင့်လွှတ်တော်အထိ သိရှိနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလုပ်
သားခေါင်းဆောင် ဦးကိုလတ်က ပြောသည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ချုပ်ဆိုထားသောစာချုပ် အမှတ်(၄)တွင် အင်းအယ်တာများ (နိုင်ငံ
တကာအဆင့်မီရွှေတွင်း)များအား ဆက်လက်လုပ်ကိုင်ခြင်း မရှိသူများအား စီစစ်တန်ဖိုး သတ်မှတ်လျော်
ကြေးပေးမည်ဟု သဘောတူထားခြင်း၊ အမှတ်(၅)တွင် ဗြုန်းကြိတ်စက်များအား ပြန်လည်လည်ပတ်ခွင့်ပြု
မည်ဆိုသည့်အချက်များ အား ဖောက်ဖျက်ခဲ့ကြောင်း ရွှေလုပ်သားများက ဆိုသည်။
RFA (Burmese)
No comments:
Post a Comment