သတင်းလွတ်လပ်ခွင့်ကော်မတီရဲ့လှုပ်ရှားမှု သတင်းတွေကို ပြည်တွင်းထုတ်ဂျာနယ်တွေမှာမဖော်ပြ ကြဖို့စာပေစိစစ်ရေးကပိတ်ပင်
The Express Time ဂျာနယ်ကတော့ ပုံနှိပ်ဖော်ပြဖို့ ခွင့်ပြုချက်မရတဲ့ သတင်းလွတ်လပ်ခွင့်လှုပ်ရှားမှု ဓာတ်ပုံတွေကို မျက်နှာဖုံးမှာ
ဖော်ပြပုံနှိပ်ခဲ့ပါတယ်။
နိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်နဲ့ လွတ်လပ်စွာရေးသားဖော်ပြခွင့်ရှိကြောင်းစာဖတ်သူတွေကို သတင်းပေးချင်တဲ့အတွက် ဂျာနယ်အဖုံးကို အနက်ရောင်ချယ်ထုတ်ဝေရခြင်းဖြစ်တယ်လို့ The Messanger ဂျာနယ်ရဲ့အယ်ဒီတာချုပ် ဦးသူရက RFA ကိုပြောပါတယ်။
ဂျာနယ်တွေက စာပေစိစစ်ရေးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားပေမယ့် စာပေစိစစ်ရေးကပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့အတွက် ဂျာနယ်အဖုံးကို အဖြူအမည်းနဲ့ပဲရိုက်နှိပ်ထုတ်ဝေပြီးဆန္ဒထုတ်ဖော် ခဲ့တာဖြစ်တယ်လို့ The Nation ဂျာနယ်ရဲ့အယ်ဒီတာချုပ် ကိုသက်ဇင်က RFA ကိုပြောပါတယ်။
အခုနောက်ဆုံးရရှိတဲ့သတင်းအရ ပြီးခဲ့တဲ့တပါတ်က စာပေစိစစ်ရေးရဲ့အရေးယူပိတ်ပင်ခြင်းခံခဲ့ရတဲ့ The Voice Weekly နဲ့ Envoy ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက ဒီကနေ့နေ့လည်မှာခေါ်ယူပြီး ပြန်လည်ထုတ်ဝေခွင့်ပြုမယ်လို့အသိပေး

လိုက်ကြောင်းသိရပါတယ်။
The Voice Weekly ဂျာနယ်ဟာ စာပေစိစစ်ရေးရဲ့အရေးယူမှုကြောင့် နှစ်ပါတ်ယာယီရပ်နားခဲ့ရတယ် လို့ သိရပါတယ်။

RFA (Burmese)
No comments:
Post a Comment