Pages

Pages - Menu

Monday, August 13, 2012

ဒဂုံဧရာ အဝေးပြေးကားဝင်း၌ လူသေမှုဖြစ်ပွား


ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် ဒဂုံဧရာ အဝေးပြေး ကားဝင်း အတွင်းရှိ သမာဓိကား ဂိတ် အရှေ့တွင် လူတစ်ဦး သေဆုံး နေကြောင်း သတင်း ရရှိသဖြင့် တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ အဆိုပါ လူငယ်မှာ ယာဘက် မျက်ခုံးကွဲ၊ ငယ်ပါကွဲ၊ ရင်ညွန့်နှင့် ဘယ်ဘက် လက်ပွန်းပဲ့ ဒဏ်ရာ များဖြင့်   သေဆုံး နေကြောင်း တွေ့ရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဦးစန်းယုဝင်း ၏ သား မောင်ဝင်း ကိုကို အသက် ၁၇ နှစ်  သည် သြဂုတ် ၇ ရက် နံနက် ၄ နာရီ ခန့်က အိမ်မှ ထွက်သွားရာ ပြန်လည် ရောက်ရှိ လာခြင်း မရှိသဖြင့် မိဘများက လိုက်လံ ရှာဖွေရာ  မတွေ့ရှိဘဲ သြဂုတ်  ၈ ရက် နံနက်  ၅ နာရီခွဲက အဝေးပြေး ဝင်း၌ လူတစ်ဦး သေဆုံးနေ ကြောင်း သိရသဖြင့်  သွားရောက် ကြည့်ရှုရာ ဦးစန်းယုဝင်း ၏သား မောင်ဝင်း
ကိုကို ဖြစ်နေ ကြောင်း သိရသည်။

ယင်း လူသေ မှုနှင့် ပတ်သက်၍ အမှတ် (၁) နယ်မြေ ယာဉ်မှု စစ်ရုံးမှ (ပ) ၅၁ဝ၊ ၁၂၊ ၃ဝ၄/(က) ၂ဝ၂ ဖြင့် အမှုဖွင့် ၍ ဒုတိယ ရဲအုပ် ဝင်းဌေးသည် တရားခံများ ဖမ်းဆီးရမိရေး အတွက် စုံစမ်းဖော် ထုတ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment