Pages

Pages - Menu

Friday, August 31, 2012

နောင်ချိုမြို့အထွက် စိမ်းလဲ့ကန်သာတွင် ရတနာသိုက်ရှိသည်ဟု သတင်းများပေါ်ထွက်

 
ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့အထွက်ရှိ စိမ်းလဲ့ကန်သာ ယာဉ်ရပ်နားစခန်းအနီးတွင် ဒုတိယကမ္ဘာစစ်
အတွင်းကဂျပန်များမြှပ်နှံခဲ့သည့် ရတနာသိုက်အားရှာဖွေတူးဖော်နေသည်ဟု   ဒေသခံများထံက သိရသည်။ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်များမြှပ်နှံခဲ့ သည့် ရတနာသိုက် ကို မြေပုံအရ ပြီးခဲ့သည့် ဇူလိုင်လကတည်းက စတင်ကာ ဒေသခံ လုပ်ငန်းရှင်များက စုပေါင်းတူးဖော်နေခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအချိန်အထိ မတွေ့ ရှိသေးပေ။

 ''တူးတာတော့ပြီးခဲ့တဲ့(၇)လပိုင်းထဲကတူးနေတာအခုထိတူးနေတာတွေ့တော့ မတွေ့သေးဘူး မြေပုံ
လည်း ရှိတယ်ဆိုပြီး အခုထိ ဘာမှ မထူးခြားသေးဘူး''  ဟု  ဟုရတနာသိုက်တူးဖော်ရာနေရာသို့ သွားရောက် ကြည့်ရှုခဲ့သူ ဒေသခံတစ်ဦးက   ပြောသည်။

 အဆိုပါရတနာသိုက်အား နောင်ချိုမြို့မှ လုပ်ငန်းရှင် (၅)ဦးက ဦးဆောင်ကာ အလုပ်သမား(၈)ဦးဝန်းကျင် ငှားရမ်း တူးဖော်နေခြင်းဖြစ်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ အဆိုပါနေရာသို့ မြို့ခံရဲတပ်သား များကလည်း   စောင့်ရှောက်ပေးနေသည်  ဟူ၍လည်း သိရသည်။

 “တူးတော့တူးနေတာပဲသိပ်တော့မဖြစ်နိုင်ပါဘူး''ဟုနောင်ချိုမြို့ခံတစ်ဦးက၄င်း၏ အမြင်ကို ပြောသည်။အ
ဆိုပါ ရတနာသိုက်ကိစ္စနှင့်ပတ်သက်၍ မြို့ခံအများစုမှာ ယုံကြည်မှုမရှိကြပေ။
 
 
မြစ်မခသတင်းမီဒီယာ

No comments:

Post a Comment