Pages

Pages - Menu

Wednesday, August 22, 2012

ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်

ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်


ထိုင်ဝမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း တမ်ဘင်း တိုက်ခတ်လာနိုင်ခြေနှင့် ပတ်သက်ပြီး မုန်တိုင်းသတိပေးချက်
ကို ယနေ့ (ဗုဒ္ဓဟူးနေ့) ထုတ်ပြန်လိုက်သည်။ ထိုင်ဝမ်၏ ဗဟို မိုးလေဝသဗျူရိုက တမ်ဘင်းသည် နိုင်ငံအ
တွင်းသို့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်လာနိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အင်အားပြင်းထန်ေ
သာ လေစီးကြောင်းများ တိုက်ခတ်လာနိုင်ကြောင်း သတိပေး ကြေညာခဲ့သည်။


နေ့လယ်ပိုင်းနှင့် မွန်းလွဲပိုင်း အချိန်များတွင် တန်ဘင်း၏ အရှိန်သည် ပိုမိုဆိုးရွား ပြင်းထန်လာဖွယ် ရှိနေ
ကြောင်းလည်း သိရသည်။



တန်ဘင်းသည် နေ့လယ်မွန်းတည့်ချိန်တွင် တီအာတန် အရှေ့ဘက် ကီလိုမီတာ (၃၃၀) အကွာတွင် ရှိနေပြီး အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် (၉)ကီလိုမီတာနှုန်းဖြင့် ချဉ်းကပ်လာနေသည်။ တန်ဘင်း၏ တိုက်

ခတ်နှုန်းသည် တစ်နာရီလျှင် (၁၄၄)ကီလီမီတာနှုန်းထိ ပြင်းထန်နေပြီး လေပြင်းများသည် တစ်နာရီ (၁၈၀) ကီလိုမီတာနှုန်းထိ အားကောင်းလာနိုင်ကြောင်းလည်း ဗျူရိုက ခန့်မှန်းထားသည်။ 

တန်ဘင်း၏ လက်ရှိ အနေအထားသည် အားပျော့ပျက်ပြယ်သွားဖွယ် မရှိဟုလည်း သိရသည်။ 

တိုင်ဖွန်းမုန်တိုင်းကြီးသည် ထိုင်ဝမ် အရှေ့ဘက် ဒေသသို့ ကြာသပတေးနေ့တွင် ကုန်းတွင်း ဝင်ရောက်ဖွယ် ရှိနေသည်။

ထိုင်ဝမ်တွင် ကမ်းခြေဒေသများ၌ ရေလှိုင်းများ ရိုက်ခတ်နိုင်ပြီး ပတ်ဝန်းကျင် နိုင်ငံများတွင်လည်း မုန်တိုင်း၏ အရှိန်ကို ခံစားရနိုင်ကြောင်း သိရသည်။ တန်ဘင်းကဲ့သို့ပင် နောက်ထပ် တိုင်ဖွန်း တစ်ခုဖြစ်သော ဘိုလာဗန်

သည် အားကောင်းစွာ တိုက်ခတ်နေပြီး မုန်တိုင်းနှစ်ခုကြား ကီလိုမီတာ (၁၅၀၀)မျှ ကွာဝေးနေကြောင်းသ
တင်းများက ဆိုသည်။ 

ဘိုလာဗန်သည် ဗုဒ္ဓဟူးနေ့တွင် အပူပိုင်းမုန်တိုင်း အဆင့်မှ တိုင်ဖွန်းအဖြစ် အားကောင်းလာပြီး မုန်တိုင်း၏ လားရာကိုမူ မခန့်မှန်းနိုင်သေးဟု ဗျူရိုက ပြောကြားသွားသည်။

FocusTaiwan, Planet Myanmar Media:

No comments:

Post a Comment