Pages

Pages - Menu

Wednesday, August 8, 2012

ပတ်ဝန်းကျင်ကောင်းကြုံခဲ့ရသူများ အသက်ကြီးလာသည့်အခါ ပျော်ရွှင်ရလေ့ရှိ


ငယ်ဘဝတွင် မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ရောယှက်နေထိုင်ခွင့် ရခဲ့သူများသည် အသက်
အရွယ် ကြီးရင့်လာချိန်တွင် ဘဝကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းရတတ်ကြောင်း သိရသည်။ 


သုတေသီများက ကလေးဘဝတွင် ကောင်းမွန်သော ပေါင်းသင်းဆက်ဆံမှု ပတ်ဝန်းကျင်တစ်ခု ပိုင်ဆိုင်ခဲ့ခြင်းက လူတစ်ဦး၏နှောင်း
ပိုင်းဘဝတွင် ပျော်ရွှင်ချမ်းမြေ့မှုကို ပိုင်ဆိုင်ရရန် အလားအလာ ပိုမိုများပြားစေကြောင်း ထောက်ခံခဲ့သည်။

သုတေသန ရလဒ်အသစ် တစ်ခုက အပေါင်းလက္ခဏာဆန်သည့် ဆက်ဆံရေးမျိုး ကလေးဘဝနှင့် မြီးကောင်ပေါက် အရွယ်တို့တွင် ထိတွေ့ခဲ့ရခြင်းက ရင့်ကျက်သော အရွယ်တွင် စိတ်ပျော်ရွှင်မှုကို ပိုမိုတည်ငြိမ်စေပြီး လူတစ်ဦး၏ သင်ယူမှု စွမ်းရည်အပေါ်တွင်

လည်း အနည်းငယ် ကောင်းကျိုး သက်ရောက်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ 

နယူးဇီလန်နိုင်ငံမှ ဒူနီဒင် ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှု သုတေသန ဌာနသည် လူပေါင်း (၈၀၄)ဦး၏ (၃၂)နှစ်ကြာ နေထိုင်ဖြတ်သန်းမှု အလေ့အထများကို အာရုံစိုက် လေ့လာဆန်းစစ်ပြီး ယခုသုတေသန ရလဒ်ကို ကောက်ချက်ဆွဲ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ငယ်ဘဝက မိသားစုထံမှ နွေးထွေးသော ဆက်ဆံမှုမျိုးကို မရရှိခဲ့သူများသည် စိတ်ပျော်ရွှင်မှုကို ထိတွေ့ခံစားမှု အားနည်းသလို သင်ယူမှုအပိုင်းတွင်လည်း အတန်ငယ် ညံ့ဖျင်းတတ်ကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ ယင်းအချက်က ကလေးဘဝ၏ လူမှု

ဆက်ဆံရေးသည် ဘဝတစ်လျှောက်လုံးအတွက် ကြီးမားသော သက်ရောက်မှုမျိုး ရှိနေသည်ကို ထင်ထင်ရှားရှား ခိုင်မာလာစေ
ခဲ့သည်။

ယခုသုတေသန ရလဒ်နှင့်အတူ ဒီယာကင် တက္ကသိုလ်မှ သုတေသီများသည်လည်း ငယ်ဘဝ လူမှုဆက်ဆံရေးနှင့် လူသားတစ်ဦး

ချင်းစီ၏ ပေါင်းသင်းဆက်ဆံနိုင်မှု စွမ်းရည်ကြား ဆက်စပ်မှုကို ပိုမို အလေးပေး လေ့လာနေဆဲဟု သိရှိရသည်။ ယင်းတက္ကသိုလ်မှ ပရော်ဖက်ဆာ ကရိတ်ဂ်ျ အော်လ်ဆန်က "ကျွန်တော်တို့ကတော့ အစိတ်အပိုင်း တစ်ခုချင်းစီ ခွဲထုတ်ကြည့်ပါတယ်။ 

ကလေးဘဝရယ်၊ မြီးကောင်ပေါက် အရွယ်ရယ်က ပေါင်းသင်းဆက်ဆံရေး အခြေအနေဟာ အနာဂတ် သင်ယူမှု နယ်ပယ်မှာ ဘယ်
လို ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမလဲ ဆိုတာက စိတ်ဝင်စားစရာပါ"ဟု ပြောကြားသွားသည်။ 

DailyMail,Planet Myanmar Media:

No comments:

Post a Comment