Pages

Pages - Menu

Monday, August 20, 2012

စာနယ်ဇင်းများအားလုံး စာပေစိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရပြီ



မြန်မာနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေနေသော စာနယ်ဇင်းများနှ င့်ထုတ်ဝေစာ များအားလုံး သြဂုတ်၂၀ရက်နေ့ မှစပြီးစာပေစိစစ်ရေး သို့တင်စ ရာမလိုဘဲ ထုတ်ဝေနိုင်တော့မည်ဖြ စ်ကြောင်း ပြန်ကြားေ ရးဝန်ကြီး ဌာန က ပြောကြားသည်။

နိုင်ငံရေးနဲ့ဘာသာရေးထုတ်ဝေစာများကိုယနေ့က စပြီး စာပေစိစစ် တင်စရာမလိုဘဲ ထုတ်ဝေခွင့်ပြုမှာဖြစ် ပါတယ်။

အဲဒါကြောင့်အခုဆိုရင် ပုံနှိပ်ထုတ်ဝေစာအားလုံး စာပေစိစစ် ခံစရာ မလိုတော့ဘဲ ထုတ်ဝေနိုင်ေ တာ့မှာဖြစ်ပါ တယ်`ဟု ပြန်ကြားေ ရးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန အကြီးအကဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ရန်ကုန်မီဒီယာသို့ပြောကြားသည်။ 

ထို့အတွက်ကြောင့် သတင်းဂျာနယ်များပါဝင်သော နိုင်ငံရေးနှင့်ဘာသာရေးဆိုင်ရာ ထုတ်ဝေစာများသည် လွတ်လပ်စွာတည်းဖြတ်ထုတ်ဝေနိုင်တော့မည်ဖြစ်ရာယင်းတွင် ဂျာနယ် ၈၆စောင်နှင့်မဂဇင်း ၅၅စောင်ပါဝင်ကြောင်းသိရှိရသည်။

“စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနအနေနဲ့စာပေစိစစ်ခြင်းလုပ်ငန်းရှိတော့မှာမဟုတ်ဘဲ မှတ်ပုံတင်လုပ်ငန်းသာ
ရှိတော့မှာပါ”ဟု ဦးတင့်ဆွေကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်တက်လာပြီးနောက် စာပေစိစစ်ခြင်းလုပ်ငန်းများအား တစ်ဆင့်ပြီး တစ်ဆင့်ဖြေလျော့ပေးခဲ့ရာ ယခုအကြိမ်သည် ပဉ္စမအကြိမ်နှင့်နောက်ဆုံးအဆင့် ဖြေလျော့မှု ဖြစ်ကြောင်း ဦးတင့်ဆွေကပြောသည်။

သို့သော်၁၉၆၂ခုနှစ်ပုံနှိပ်ဆိုင်ရာဥပဒေကအသက်ဝင်ဆဲရှိနေသဖြင့် မီဒီယာဥပဒေအသစ်မပေါ်ပေါက်မီကာ
လအတွင်း ထိုဥပဒေကိုပင် ဆက်လက်ကျင့်သုံးသွားရဦးမည်ဖြစ်ကြောင်းသိရှိရသည်။

စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနကထုတ်ဝေသူများနှင့်အယ်ဒီတာများအား ယနေ့နံနက်၁၀နာရီတွင် တွေ့ဆုံ
ကာ ယင်းဖြစ်ပေါ်တိုးတက်မှုအား ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မီဒီယာဂရုဖ် 

No comments:

Post a Comment